နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Google နှင့် Meta (Facebook) ကုမ္ပဏီများ ရုရှားတရားရုံးက ဒဏ်ငွေပမာဏကြီးမားစွာချမှတ်

မော်စကို    ဒီဇင်ဘာ   ၂၆


ဒေသဆိုင်ရာ တရားဥပဒေတားမြစ် ထားသော အကြောင်းအရာများကို ဖယ်ရှားရန်ပျက်ကွက်မှုကြောင့် ရုရှား တရားရုံးက Google ကုမ္ပဏီကို ကန် ဒေါ်လာ သန်း ၁၀၀ နှင့် Meta (face book) ကုမ္ပဏီကို ကန်ဒေါ်လာ ၂၇သန်း အသီးသီး ဒဏ်ရိုက်လိုက်သည်။ 


ဒေသတရားရုံး တစ်ခုဖြစ်သည့် တဂန်စကီး ခရိုင်တရားရုံး၏ ပြောကြား ချက်အရ Google သည် တားမြစ်ထား သော အကြောင်းအရာများကို ၎င်းတို့၏စာမျက်နှာမှ ဖျက်ပစ်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သောကြောင့် ၎င်းတို့ကို ကန်ဒေါ်လာ ၉၇ ဒသမ ၇ သန်းဒဏ်ငွေပေးဆောင်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ 


အလားတူ Meta ကုမ္ပဏီကိုလည်း တားမြစ်ထားသောအကြောင်း အရာ များကိုဖယ်ရှားရန် ပျက်ကွက်သည်ဟု ဆိုကာ ဒဏ်ကြေး ကန်ဒေါ်လာ ၂၇ သန်းရိုက်လိုက်ကြောင်း တရားရုံးက ထုတ်ပြန်သည်။


ရုရှားအစိုးရပိုင် ဆက်သွယ်ရေး အဖွဲ့ဖြစ်သည့်  Roskomnadzor၏ ပြောကြားချက်အရ Google နှင့် Meta သည် တားမြစ်ထားသော အကြာင်းအရာများဖြစ်သည့် အစွန်း ရောက်ဝါဒနှင့် ဘာသာခြားများကို စော်ကားခြင်းနှင့် လူငယ်များအကြား အန္တရာယ်များသော အပြုအမူများကို အားပေးသော အကြောင်းအရာများ အပြင် အခြားအကြောင်းအရာများကို လည်း ၎င်းတို့၏ စာမျက်နှာပေါ်ကနေ ဖယ်ရှားရန် ပျက်ကွက်ခဲ့ကြောင်း ပြော သည်။  


ထို့ကြောင့် တားမြစ်ထားသော အကြောင်းအရာများကို ဖယ်ရှားရန် ဆက်လက်ပျက်ကွက်နေပါက ထို ကုမ္ပဏီများ၏ ဝင်ငွေအပေါ်အခြေခံ သောဒဏ်ငွေရိုက်မှုများ ဆက်လက် ရှိနေမည်ဟုလည်း တာဝန်ရှိသူများက ပြောကြားထားသည်။            (ref:AFP)






အခြားဆက်စပ်သတင်းများ