နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် အိုမီခရွန်ကူးစက်သူ ၂၀၀ ဦး တွေ့ရှိ

ဘန်ကောက်  ဒီဇင်ဘာ   ၂၆


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Kalasin ပြည်နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်ပထမဆုံး အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုကို တွေ့ရှိခဲ့ကြောင်း  ကျန်းမာရေးတာဝန်ရှိ သူများက ဒီဇင်ဘာ ၂၅ ရက်ကထုတ်ပြန် သည်။ အဆိုပါ အစုလိုက်အပြုံလိုက် ကူးစက်မှုနှင့်ဆက်စပ်သော အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် အတည်ပြုလူနာ ၂၂ ဦးရှိကြောင်း ကိုဗစ်-၁၉ အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန (CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 


ယင်းသို့ ကူးစက်ခြင်းမှာ ထိုင်းနိုင်ငံ ၏ ကွာရန်တင်း (quarantine) ကင်းလွတ်သည့် အစီအစဉ်မှတစ်ဆင့် ယခုလအစောပိုင်းတွင် ဘယ်လ်ဂျီယံ နိုင်ငံမှလာရောက်ခဲ့သော အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ သည့် စုံတွဲတစ်တွဲကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း CCSA ၏ပြောရေးဆိုခွင့်ရှိသူ Apisamai Srirangsan ကဆိုသည်။  


၎င်းတို့ နိုင်ငံအတွင်းသို့ရောက်ရှိ လာပြီးကတည်းက အဆိုပါ စုံတွဲသည် ပြည်နယ်အတွင်းရှိ ဘားများ၊ ဈေးဝယ်စင်တာများနှင့် အစိုးရရုံးများ အပါအဝင် နေရာအများအပြားသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ၎င်းတို့ နှင့် အနီးကပ်ထိတွေ့မှုကြောင့် လူ ၁၀၀ ဝန်းကျင်မှာ ရောဂါကူးစက်မှုအန္တရာယ် မြင့်မားသည်ဟု ယူဆရသည်။ 


အာဏာပိုင်များ၏ အဆိုအရ ထိုင်းနိုင်ငံတွင် ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်ကူးစက်မှုမှာ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းအထိ လူဦးရေ၂၀၀ ကျော် အထိမြင့်တက်လာခဲ့သည်။


ထိုင်းနိုင်ငံတွင် ယမန်နှစ်အစော ပိုင်းက ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ စ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း  ၂,၂၀၄,၆၇၂ ဦးရှိပြီး သေဆုံးသူစုစုပေါင်း  ၂၁,၅၂၈ ဦးရှိ သည်။                                (ref:BBC)






အခြားဆက်စပ်သတင်းများ