နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင့်အတွက် ကျန်းမာ ရေသုံးပါ

ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါမှ သိရသည်ဟု လူအများက ဆိုကြသည်။ မကျန်းမမာဖြစ်ပြီဆိုလျှင် စိတ်သွား တိုင်းကိုယ်မပါ၊  သွားချင်တိုင်းသွား၍မရ၊ စားချင်တိုင်းလည်းစား၍ မရ၊ စိတ်နှင့်ကိုယ်သဟဇာတမဖြစ်ချေ။


လူအများသည် ကျန်းမာနေသည့်အခါတွင် ကျန်းမာရေးအတွက် လုပ်ဆောင်ရမည့်အလုပ်ကို သတိမူလေ့ မရှိကြချေ။ ဤသို့ဆိုလျှင် ကြိုတင်ကာကွယ်ခြင်းသည်    ကုသခြင်းထက်    ထိရောက်သည် ဆိုသည့် ကျန်းမာရေးဝန်ထမ်းများ၏ သတိပေးစကားကို ပစ်ပယ် မိသည်ဟု ဆင်ခြင်မိသည်။

အမှန်စင်စစ် လူတိုင်းသည် ရောဂါကိုဖြစ်မှ ကုသခြင်းထက် မဖြစ်ပွားမီ    ကျန်းမာရေးနှင့်ညီညွတ်မျှတအောင်   နေထိုင်စား သောက်ခြင်းကို အလေးထားထိုက်ပေသည်။


မိမိတို့နေအိမ်၊ ကျောင်း၊ ရုံး စသည်တို့၌ သန့်ရှင်းရေးသည် အရေးကြီးသည်။ အမှိုက်သရိုက်များတွေ့ရာနေရာစွန့်ပစ်ခြင်း၊ ကွမ်းတံတွေးများ စည်းကမ်းမဲ့ထွေးခြင်းတို့သည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။ ပတ်ဝန်းကျင်သန့်ရှင်ရေးကို အလေးထားသင့် သည်။


ထို့အတူ  လူတိုင်းသည် ကျန်းမာရေးအတွက် သန့်ရှင်းသော သောက်သုံးရေကို သုံးစွဲသင့်သည်။    ယင်းအပြင်    သန့်ရှင်းသော    အစားအသောက်များကို       သန့်ရှင်းလတ်ဆတ်စွာ၊     သန့်ရှင်း သပ်ရပ်စွာ  ဖုံးအုပ်၊   ကိုင်တွယ် ချက်ပြုတ် စားသောက်သင့်သည်။


လူတစ်ဦးချင်း၏   တစ်ကိုယ်ရေ သန့်ရှင်းရေးသည်  အရေး အကြီးဆုံးဖြစ်သည်။ အထူးသဖြင့် လက်သန့်ရှင်းရေးကို သတိပြု သင့်သည်။ အစာစားရာတွင် လက်ကိုအသုံးပြုခြင်းဖြစ်၍ လက် သန့်ရှင်းရေးသည် အရေးကြီးသည်။ အစာမစားမီ လက်ဆေးခြင်း၊ အစာစားပြီး လက်ဆေးခြင်း၊ အိမ်သာရေအိမ်ဝင်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးခြင်း အလေ့အထများကို ကလေး လူကြီးမရွေးပြုကျင့်သင့်သည်။


ယနေ့ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ် ရေးတွင် ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းသည် အရေးပါသကဲ့ သို့၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်းတို့သည် အရေးပါသော လုပ်ဆောင် ချက်ဖြစ်သည်။


တစ်ခါက ဌာနဆိုင်ရာ   ရုံးကြီးတစ်ခုသို့ ရောက်ရှိသွားရာ                 သန့်ရှင်းသော သပ်ရပ်သော ပတ်ဝန်းကျင်နှင့် လှပတင့်တယ်သကဲ့ သို့   သန့်စင်ခန်းများ   အခန်းရှေ့တွင်   ထူးခြားသော ဆောင်ပုဒ် ကလေးများ ရိုက်နှိပ်ထားရာ စာတန်းမှာ "သင့်အတွက် ကျန်းမာ ရေသုံးပါ"ဟု ကျန်းမာရေးအထောက်အကူပြု၊   ကျန်းမာခြင်း ဆုလာဘ်၏ အထောက်အပံ့ ရေ၏အရေးပါမှုကို၊ သတိပြုဆင်ခြင် ကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ