နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိ၊ အစဉ်ရှိ

မိမိတို့နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလားအပ် သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုများ လျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားစေရန် လူတိုင်း မီးကို ဂရုပြုသုံးစွဲသင့် သည်။


ပိုလန်နိုင်ငံ၏ ODA အစီအစဉ်ဖြင့် ဝယ်ယူဖြည့်တင်းထားသည့် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်နှင့် စက်ပစ္စည်းကိရိယာများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ပူပြင်းရာသီအချိန်မီဖြန့်ခွဲ ပြီးဖြစ်ရာ  အဆိုပါခေတ်မီယာဉ်နှင့် စက်ပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊      လေ့ကျင့်ရေးဌာနစုတွင်  ဒီဇင်ဘာ ၁၃ ရက်မှ ၂၄ ရက်အထိ နှစ်ပတ်ကြာသင်ကြားလေ့ကျင့် ပေးထားပြီးဖြစ်သည်။


ထို့ကြောင့် မြို့နယ်များတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာ လျှင်၊ မီးငြှိမ်းသတ်မှုနှင့် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ    ထိရောက်စွာ ဆောင်ရွက်နိုင်လာကြမည်ဖြစ် သည်။

မိမိတို့နိုင်ငံတွင်ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှု ကြောင့် လောင်ကျွမ်းသောမီးလောင်မှုက အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာနက သုံးသပ်ထားသည်။ 


မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများ ထားသိုမှုမပြုခြင်း၊ မီးဖိုများကို စနစ်တကျကာရံ ထားခြင်း၊   ကလေးသူငယ်များ    မီးနှင့်ဆော့ကစားမှုမပြုရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊  မီးလောင်တတ်သည့်ဓာတုပစ္စည်း များ၊ စနစ်တကျသိုလှောင်ထားရှိခြင်းတို့ကို တိကျစွာလိုက်နာကြ ရန်လိုအပ်သည်။ 


မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်ပါက သက်ဆိုင်ရာများနှင့် ပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများကို    အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိရာ၊ ဒီဇင်ဘာ ၂၂ ရက်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ စိန်စိန် လုပ်ကွက်၌ မြေစာပုံပြိုကျမှု၊ သာယာဝတီမြို့နယ်၊ တောင်ပန်ဆွဲ ကျေးရွာအုပ်စု တောင်ကုန်းရွာတွင် အိမ်ပေါ်သို့ သစ်ပင်ပြိုလဲမှု၊ ပြင်ဦးလွင်မြို့နယ် ပွဲထောက်ကျေးရွာ၌ ဗြုန်းကျင်းပြိုကျမှု စသည့် ဖြစ်စဉ်များတွင် မီးဘေးကယ်ဆယ်ရေးကဲ့သို့ပင် ပြည်သူများ၏ ဘေးဒုက္ခကို     ခေတ်မီစက်ကိရိယာများအသုံးပြု၍    အချိန်မီ     ကယ်ဆယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်။


မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများက ဂရုပြုလာရေးနှင့်   မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သာမက၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မီးဘေး အန္တရာယ်ကို ပြည်သူအားလုံးသတိမူလာရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသော် လည်း ပြည်သူများဘက်က လိုက်နာမှုအားနည်းနေသေးကြောင်း တွေ့နေရသည်။


သို့ဖြစ်ရာ မီးလောင်မှုကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူ ပြည်သူအားလုံး ကြိုတင် ကာကွယ် ရေးသတိအစဉ်ရှိကာ စောင့်ရှောက်သွားကြရန်တိုက်တွန်း အပ် ပေသည်။






အခြားဆက်စပ်သတင်းများ