နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ဒဏ်သင့် ဂျပန်စီးပွားရေး ဒေါ်လာ ၉၄၃ ဘီလီယံဖြင့် ပြန်လည်ကုစားမည်

တိုကျို   ဒီဇင်ဘာ   ၂၄


ဂျပန်နိုင်ငံ၏ အကြီးဆုံးနှစ်စဉ် ဘတ်ဂျက်ကန်ဒေါ်လာ ၉၄၃ ဘီလီယံကို နိုင်ငံအတွင်း ကိုဗစ်ဒဏ်သင့် စီးပွားရေး လုပ်ငန်းများအတွက် ပြန်လည် ကုစားရန် သုံးစွဲမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။ 


အဆိုပါ ဘတ်ဂျက်ကိုလာမည့် ဧပြီလတွင်စတင်မည့် ဘဏ္ဍာရေးနှစ် တွင် စတင်အသုံးပြုမည်ဖြစ်ပြီး ကမ္ဘာ ပေါ်တွင် စက်မှုလုပ်ငန်းများ၌ အကြွေး အများဆုံးတင်သည့် ဂျပန်နိုင်ငံကို ကြွေးမြီပိုထူစေမည်ဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ်ထား သည်။ 


ဝန်ကြီးချုပ် ဖူမီအိုခီချီဒါ ဦးဆောင် သည့် အစိုးရသည် ကိုဗစ်-၁၉ တုံ့ပြန်ရေးစီမံချက်များ၊ လူမှုဖူလုံရေး အသုံးစရိတ်နှင့် နိုင်ငံအတွင်း အသက် ကြီးပိုင်းများ လျင်မြန်စွာတိုးပွားလာမှု နှင့် တရုတ်နိုင်ငံ၏စစ်ရေးဆိုင်ရာ စိန်ခေါ်မှုများ အစရှိသော စိန်ခေါ်မှုများ ကြောင့် ဘတ်ဂျက်အင်အားတိုးမြှင့်ခဲ့ သည်။ 


ကန်ဒေါ်လာ ၉၄၃ ဘီလီယံနှင့် ညီမျှသော ယန်း ၁၀၇ ဒသမ ၆ ထရီလီယံသည် ဂျပန်နိုင်ငံတိုးတက် ရေးနှင့် ငွေကြေးမျှဝေရေးတွင် မြင်ရ သော အရင်းရှင်စနစ်သစ်ကို ဖယ်ရှား ပြီး ပြည်သူ့ဘဏ္ဍာကို ပြန်လည်ပြင်ဆင် ရန်ကြိုးစားနေသည့် ဝန်ကြီးချူပ် ဖူမီ အိုခီချီဒါအတွက် စိန်ခေါ်မှုတစ်ခုဖြစ် သည်။ 


အစိုးရအနေဖြင့် မသုံးမဖြစ် အသုံး စရိတ်များဖြစ်သော ပညာရေးနှင့်ပြည်သူ့ အလုပ်ကဏ္ဍများအတွက် အသုံးစရိတ် များကိုတိုးမြှင့်ထားပြီး အစိမ်းရောင် နှင့် ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲမှု အစရှိသော ကဏ္ဍများတွင် တိုးတက်မှု ဖော်ဆောင်ရန် နေရာအနည်းငယ်သာ ပေးထားသည်။ 


ယခုအသုံးစရိတ်ကို လာမည့် ၂၀၂၂ ခုနှစ်၊ မတ်လတွင်  စတင်အသုံးပြု နိုင်ရန် လွတ်တော်၏အတည်ပြုချက် ရယူမည်ဖြစ်သည်။            

    (ref:AP)






အခြားဆက်စပ်သတင်းများ