နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်မခံရန် ရုရှား၏ တောင်းဆိုမှု ပယ်ချခံရ

ဘရပ်ဆဲလ်    ဒီဇင်ဘာ   ၂၄


ယူကရိန်းနိုင်ငံ မြောက် အတ္တလန်တိတ်စာချုပ်အဖွဲ့ - နေတိုး အဖွဲ့ဝင်ဖြစ်ရေးကိစ္စနှင့် ပတ်သက်ပြီး ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်မခံ ရန် ရုရှား၏တောင်းဆိုချက်ကို  နေတိုး အဖွဲ့က ပယ်ချလိုက်သည်။ 

ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်မခံရေးအာမခံရန် တောင်းဆို သည့် ရုရှား၏ နောက်ဆုံးလုံခြုံရေး အဆိုပြုချက်ကို ပယ်ချကြောင်း ရိုမေးနီးယားဝန်ကြီးချုပ် နီကိုလေ ဆူကာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် နေတိုး အထွေထွေအတွင်းရေးမှူး ယန်စတော့တန်ဘတ်က ပြောလိုက် ခြင်းဖြစ်သည်။ 


ရုရှားနှင့်ပတ်သက်သည့် နေတိုး အဖွဲ့ဝင်များ၏ သဘောတူညီချက်ကို အလေးထားပြီး အဓိပ္ပါယ်ပြည့်ဝသည့် ဆွေးနွေးမှုများကို မကြာမီပြုလုပ်သွား မည်ဖြစ်ကြောင်း နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးက ဆက်လက်ပြော ကြားသည်။ ဆွေးနွေးပွဲများသည် ဥရောပလုံခြုံရေး အဓိကမူများအတိုင်း သာဖြစ်ပြီး ယူကရိန်းအပါအဝင် နေတိုး အဖွဲ့၏ ဥရောပမဟာမိတ်များနှင့် ဆွေးနွေးလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။ ရုရှားက ယူကရိန်းကို ထပ်မံရန် စမည်ဆိုပါက အလွန်ကြီးမားသည့် တန်ဖိုးပေးရမည် ဖြစ်ကြောင်း နေတိုးအဖွဲ့က ကြေညာ ထားသည်။       

                  (ref:AFP)






အခြားဆက်စပ်သတင်းများ