နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေမြေနှင့်သစ်တောသယံဇာတအရေးပါ

ရေအရင်းအမြစ်များဖြစ်သည့် သဘာဝရေထွက်များ တော၊ တောင်၊ စိမ့်စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်း၊ အိုင် ရေတိမ်ဒေသ တို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသများရှိ သစ် တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်သည်။ ရေ သည်  သစ်တောများဖုံးလွှမ်းသည့် တော၊ တောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ 


လူသားတို့ဖန်တီးတည်ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်၍ ရေဝေရေလဲဒေသနှင့် ရေဦးရေဖျားဒေသရှိ သစ်တောသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်ပေသည်။


သစ်တောဖုံးလွှမ်းမှုကောင်းမွန်သောနေရာများ၌ မြေတိုက် စားမှုအနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာကြုံတွေ့ကြ  ရသည်။ 


မြေအသုံးချမှုစနစ်လွဲမှားမှုကြောင့် ရေထုညစ်ညမ်းခြင်း၊  သန့်ရှင်းသော   သောက်သုံးရေရှားပါးလာခြင်း၊   ရေထွက်များ ခန်းခြောက်လာခြင်း၊ ဆည်နှင့် ရေလှောင်တမံများ၌ သဲနုန်းပို့ချ ခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်း စသည်တို့ ကြုံတွေ့လာရသည်။


သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတ များ ရေရှည်တည်တံ့စေရန် အလေးထားစီမံဆောင်ရွက်လျက်ရှိ သည်။ အဓိကအားဖြင့် ရေထွက်ဦးရေဝေရေလဲဧရိယာရှိ သစ်တော များကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းခြင်း၊  ရေဦးရေဖျား ဧရိယာများတွင်   သစ်ပင်မခုတ်ရန်နှင့်  တောင်ယာချဲ့ထွင်ခြင်း မပြုလုပ်ရန်လိုအပ်သည်။


တောင်ယာချဲ့ထွင်ရာတွင် တောမီးရှို့မှုများလည်း ပါဝင်လျက် ရှိရာ ဓမ္မတာမျိုးဆက်သစ်တော၊ သစ်ပင်များ လောင်ကျွမ်းဆုံးရှုံး  တတ်ရာ သဘာဝအရနေထိုင်ကျက်စားသည့် တောနေတိရစ္ဆာန် ငယ်များ၊ အခြားရှားပါးမျိုးစိတ်သတ္တဝါများကိုပါ ထိခိုက်ပျက်စီး သေကြေနိုင်သည်။


မုတ္တမပင်လယ်ကွေ့တွင် ငှက်အရေအတွက် ၂၀၀၀၀၀ ခန့် သည် နှစ်စဉ်လာရောက်ဆောင်းခိုလျက်ရှိပြီး ယခုအခါ တစ်ကမ္ဘာ လုံးတွင် အကောင်ရေငါးရာခန့်သာ ကျန်တော့၍ မျိုးသုဉ်းရန်  စိုးရိမ်သည့်အခြေအနေသို့ ရောက်ရှိနေသည်။


အဆိုပါမျိုးစိတ်များထဲမှ ရေညှောင်နှုတ်ဝိုင်းငှက်များလည်း နှစ်စဉ်လာရောက်ဆောင်းခိုလေ့ရှိကာ ထူးခြား၍ အရေးပါသည့် ရေတိမ်ဒေသတစ်ခုဖြစ်သည့်  မုတ္တမပင်လယ်ကွေ့ရှိ  ဇီဝမျိုးစုံ မျိုးကွဲနှင့်    သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်    ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ရေတိမ်ဒေသသည် မြန်မာနိုင်ငံအတွက် အရေးကြီးသဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ    ဖြစ်ထွန်းပေါ်ပေါက်လာရေး၊ ရေနှင့်ဇီဝမျိုးကွဲထိန်းသိမ်းရေးတို့အတွက် မြန်မာနိုင်ငံ၏ ရေမြေ သယံဇာတများ ကာကွယ်စောင့်ရှောက်ရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းလိုအပ်ပေသည်။






အခြားဆက်စပ်သတင်းများ