နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားကောင်းရတနာများ ပျိုးထောင်

မြန်မာနိုင်ငံရှိ သန်း ၆၀ ခန့်ရှိသော လူဦးရေအနက် ၆၀ ရာခိုင်နှုန်း မှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များဖြစ်လာစေရန်မှာ အရွယ် အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံးခြင်းနှင့် အနေအထိုင် မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်းကို မိမိ မိသားစုအသိုက်အဝန်းများ၊ ကျန်းမာရေးဝန်ထမ်းများက ဂရုပြု ဆောင်ရွက်လျက်ရှိသည်။


ကလေးမိခင်များအနေဖြင့် အာဟာရဓာတ်စုံလင်စွာ စားသုံး ပေးသင့်သည်။    သို့မှသာ   ကလေးအတွက်   အာဟာရပြည့်စုံ လုံလောက်စွာရရှိမည်ဖြစ်သည်။ မိခင်နို့သည် ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်ကာ ဆေးလည်းဖြစ်သည်။ ထို့ကြောင့် ကလေးများအတွက် မိခင်နို့သည်သာ အကောင်းဆုံးဖြစ်သည်။


နို့တိုက်မိခင်များအနေဖြင့် မွေးကင်းစမှ အသက်ခြောက်လ ပြည့်သည်အထိ    မိခင်နို့တစ်မျိုးတည်းကိုသာ   တိုက်ကျွေးသင့် ကြောင်း ကလေးဆရာဝန်များက တိုက်တွန်းထားသည်။ မိခင်နို့ တွင် ရေဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့်  ရေနှင့် အခြား မည်သည့်ဖြည့်စွက်စာကိုမျှ တိုက်ကျွေးရန်မလိုဘဲ မိခင်နို့တစ်မျိုး တည်းဖြင့်   အသက်ခြောက်လပြည့်သည်အထိ   တိုက်ကျွေးရန် လိုအပ်သည်ဆို၏။


သို့သော်  အချို့သောမိခင်များက မွေးဖွားပြီးစတွင် ကလေး များကို နို့မှုန့်၊ နို့ဘူးများသာ တိုက်ကျွေးကြသဖြင့် ကလေးများ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုနွေးကွေးခြင်းတို့ဖြစ်ကြရသည်။ နို့မှုန့်အချို့တွင် အစာ ခြေဖျက်နိုင်စွမ်းနည်းသည့်  ဓာတ်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကလေးကျန်းမာရေးကို ထိခိုက်နိုင်သည်။ မွေးကင်းစမှ အသက် ခြောက်လပြည့်သည့်တိုင်အောင် မိခင်နို့မှတစ်ပါး အခြားမည်သည့် အရာမျှ တိုက်ကျွေးခြင်းမပြုသင့်ကြောင်း ကျွမ်းကျင်ဆရာဝန်ကြီး များက တိုက်တွန်းကြသည်။     အသက်ခြောက်လကျော်မှသာ ကယ်လိုရီနှင့် အာဟာရဓာတ်များ ကျွေးမွေးသင့်သည်ဟု အကြံပြု ထားကြသည်။


အသက်ခြောက်လပြည့်သည်နှင့် နို့၊ ကြက်ဥ၊ ငါး၊ အသီးအနှံ များ တဖြည်းဖြည်းအစားထိုးတိုက်ကျွေးပေးခြင်းဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်သည့် ကယ်လိုရီနှင့် အာဟာရဓာတ်များရရှိလာပြီး ခန္ဓာကိုယ်ကြီးထွားခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်းအစရှိသဖြင့် ဇီဝ ကမ္မဖြစ်စဉ်များ တိုးတက်ပြောင်းလဲလာမည်ဖြစ်ပေသည်။


သို့ဖြစ်၍ ကလေးများ ကျန်းမာဖွံ့ဖြိုးစေရန် မိခင်နို့တိုက်ကျွေး ခြင်းဖြင့် ငယ်စဉ်ကတည်းက အာဟာရပြည့်ဝဖွံ့ဖြိုးကာ၊ နောင် အခါ ဉာဏ်ရည်မြင့်မား၊ ကိုယ်ခန္ဓာထွားကြိုင်းသန်မာသော နိုင်ငံ့ ရတနာများဖြစ်လာကြမည်ဖြစ်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ