နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွာသာကြီးစီးပွားရေးတက္ကသိုလ်ရေသဘင်ပွဲတော် သနပ်ခါးခြယ်သမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ချိန်ကိုနှုတ်ဆက်

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ရေသဘင်ပွဲတော်ကို စတုတတ္တအကြိမ်မြောက်အ ဖြစ် မတ်လ ၃ ရက်တွင်ကျင်းပရာ ယခုနှစ်တွင်ကျောင်းသား၊ ကျောင်းသူတို့၏ အမှတ်တရ ပုံရိပ်များ ကျန်ရစ်စေသည့်သနပ်ခါးခြယ်သမှုများလည်းပါဝင်၍ ကျောင်း ပိတ်ချိန်နှုတ်ဆက်ပွဲအဖြစ်စည်းကားခဲ့သည်။ ယမန်နှစ်က စတုဒိသာမဏ္ဍပ် ၃၂ ခုဖြင့်ကျင်းပခဲ့ပြီး ယခုနှစ်မဏ္ဍပ် ၃၃ ခုဖြင့် ကျယ်ဝန်းသောကျောင်းပင်မဆောင်ရှေ့ရှိ အဓိပတိလမ်းပေါ်တွင် ကျောင်းသား၊ကျောင်းသူတို့၏ အဆိုအကများနှင့် အနုပညာရှင်တို့၏ဖျော်ဖြေမှု တို့ကို နံနက် ၉ နာရီခွဲမှ ညနေ ၅နာရီထိ ကျင်းပခဲ့ သည်။“ကလေးတွေနှစ်စဉ် ကျင်းပတဲ့ပွဲဖြစ်တဲ့အပြင် ကျောင်းမပိတ်မီ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ကြတဲ့ ရေသဘင်ပွဲဆိုရင်လည်း မမှားပါဘူး။ကျောင်းသား၊ကျောင်းသူတွေ ပျော်ရွှင်နေရင် ကျွန်တော်တို့လည်းပီတိဖြစ် ရပါတယ်”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ တင်ဝင်းက ပြောသည်။ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တွင် ရေသဘင်ပွဲတော်ကိုယနေ့ ကျင်းပခြင်းဖြစ်ရာ လှိုင်နှင့်ကမာရွတ်စီးပွားရေးတက္ကသိုလ်တို့၌ မတ်လ ၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ရွာသာကြီးစီးပွားရေးတက္ကသိုလ် တွင် ကျောင်းသား၊ကျောင်းသူ ၈၀ဝ၀ ကျော်ရှိပြီးဘွဲ့ကြိုအတွက်ဘာသာရပ်ကြီး ၈ ခုနှင့် ဘွဲ့လွန်တန်းတွင်ဘာသာရပ် ၁၁ ခုကို သင်ကြား ပေးလျက်ရှိရာ မတ် ၁၈ ရက်တွင် စာမေးပွဲစတင်ဖြေဆိုရမည်ဖြစ်သောကြောင့် နှစ်ပတ်ကျော်ကြိုတင်၍ ရေသဘင်ပွဲတော်ကို ယမန်နှစ်ကထက် စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။ ရေသဘင်ပွဲတော်တွင် ပြင်ပမှဝင်ရောက်မှုကို ခွင့်မပြုဘဲကျောင်းသား၊ကျောင်းသူများသာ ဆင်နွှဲခြင်းဖြစ်ရာ မိခင်ကျောင်းတော်ကြီး ရင်ခွင်တွင် ခိုလှုံကြသည့် ကျောင်းသား၊ ကျောင်းသူများ တစ်နှစ်တာ သင်ကြားမှုပြီးစီး၍တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ် မှုကိုပြသခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရင်းနှီးပွင့်လင်းမှုရရှိကာ မိမိ ကျောင်းနှင့်တိုင်းပြည်အတွက် အကျိုးပြုစေမည့် အတွေးအခေါ်များတိုးပွားစေခြင်းနှင့် ရေသဘင်ပွဲတော်၌ စတုဒိသာများကျွေးမွေးမှုနှင့်အခြားပရဟိတလုပ်ငန်းများမှ ကုသိုလ်ရယူနိုင်စေရန်စသောရည်ရွယ်ချက်တို့ဖြင့် ရေသဘင် ပွဲတော်ကို တက္ကသိုလ်များတွင် ကျင်းပခြင်းဖြစ်သည်။ “ကျွန်တော်တို့ကျောင်းတွေမှာကြီးမားတဲ့ပွဲဆိုရင် မောင်မယ်သစ်လွင် ကြိုဆိုတဲ့ပွဲတစ်ခုပဲရှိတယ်။ ကျောင်းမပိတ်မီရေသဘင်ပွဲတော်ကို ကျင်းပခဲ့တာ ၄ နှစ်ရှိပါပြီ။ ရိုးရာယဉ်ကျေးမှုနဲ့အညီ အတာရေနဲ့ တစ်ဦးနဲ့ တစ်ဦးလေးစားချစ်ခင်မှုကို အသိအမှတ်ပြုတဲ့ပွဲဆိုရင်လည်း မမှား ပါဘူး။ ပြီးတော့တက္ကသိုလ်ရဲ့ အထင်ရှားဆုံးပွဲတစ်ခုအဖြစ် သင်္ကြန်ပွဲကို ကျင်းပခွင့်ရတာ ဆရာ၊ ဆရာမကြီးများကို အထူးကျေးဇူးတင်ပါတယ်”ဟု စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူ အောင်က ပြောသည်။ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ရေသဘင်ပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူတို့၏လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ကျောင်းသားများ ပူးပေါင်းဆောင်ရွက်သည့်နည်းတူကျန်းမာရေးအတွက်လူမှုအထောက် အကူပြုအဖွဲ့တို့မှ အားဖြည့်လျက်ကျောင်းသား၊ကျောင်းသူတို့စိတ်လက် ပေါ့ပါးစွာဖြင့် တက္ကသိုလ်အတာရေသဘင်ကို ဆင်နွဲခဲ့ကြကြောင်းသိရ သည်။ ဓာတ်ပုံ - ကနူး- ( ၁၁၂ )






အခြားဆက်စပ်သတင်းများ