နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

နယူးယောက်    ဒီဇင်ဘာ   ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် ပညာရေးဌာနက ကြီးမှူးကျင်းပသော ခရိုင်အဆင့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများ ကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်( ၂ ) အခြေခံပညာအထက်တန်း ကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပသည်။


အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး ဒေါ်နှင်းကြည်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်မာလာရီ နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ပြိုင်ပွဲများတွင် ခရိုင်အတွင်းရှိ   မြို့နယ် ၁၂ မြို့နယ်မှ အထက်တန်း ကျောင်း ၅၀ ကျောင်း၊ အလယ်တန်းကျောင်း ၄၄ ကျောင်းနှင့် မူလတန်းကျောင်း ၁၂၃ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်၊ မူလတန်းအဆင့် အသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိမည့် ကျောင်းသား၊ကျောင်းသူ များအနေဖြင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အ-ထ-က(၂)လသာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ