နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းကြည်လင်၊ မြို့တော်တစ်ခွင်

မြန်မာနိုင်ငံ၌    ခရီးသွားစရာနေရာများ   ပေါများလှသည်။ လည်ပတ်စရာနေရာများ၊ အပန်းဖြေအနားယူစရာနေရာများလည်း ပေါများလှသည်။ ယခုကဲ့သို့   ပွင့်လင်းရာသီတွင်  ပြည်တွင်းခရီး သွားများ ပိုမိုလည်ပတ်သွားလာကြသည်။


ထိုသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွား လာကြရာတွင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလမ်းညွှန်ချက် များနှင့်အညီ သွားလာရန်လိုအပ်သည်။ ပြည်တွင်းပြည်ပခရီးသွား များသည် မြန်မာတို့၏လူနေမှုဘဝထုံးစံများ၊ အံ့ချီးမကုန်သော ရှေးဟောင်းဗိသုကာအဆောက်အအုံများနှင့် သာယာလှပသော မြန်မာ့ရှုခင်းများကို  လေ့လာအပန်းဖြေလျက်ရှိရာ ရန်ကုန်မြို့ တော်ကြီးရှိ ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံများ၊ အံ့ချီးမကုန်သော       ရှေးဟောင်းဗိသုကာအဆောက်အအုံများ၊ ဟောင်းနွမ်းအဆောက်အအုံများ     သန့်ရှင်း၊   သပ်ရပ်ရေးနှင့်       သစ်လွင်တောက်ပရေးမှာ လိုအပ်လှပေသည်။


ယခုကဲ့သို့ ပွင့်လင်းရာသီတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ရှေးဟောင်းသာသနိက အဆောက်အအုံများ၊ နေအိမ်ခြံစည်းရိုးများ၊  အိမ်အမိုးများ၊ သန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်လှပရေးသည် မြို့တော်၏ ပသာဒကိုအားဖြည့်ပေးခြင်း ပင်ဖြစ်သည်။ နေအိမ်ခြံစည်းရိုးများ၊ အိမ်အမိုးများဆေးသုတ်ခြင်း၊ တွယ်ကပ်ပေါက်နေသည့် သစ်ပင်များနှင့် ချုံနွယ်ပိတ်ပေါင်းများ ကို ရှင်းလင်းရန် လိုအပ်ပေသည်။


ရန်ကုန်မြို့တော်အတွင်း     လမ်းများသန့်ရှင်းသပ်ရပ်ရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊    ယာဉ်များစည်းကမ်းတကျ သွားလာရပ်တံ့နိုင်ရေးကို သက်ဆိုင်ရာများက နေ့စဉ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။    ရန်ကုန်မြို့တော်သည် နိုင်ငံ၏ စီးပွားရေးအချက်အခြာ  မြို့တော်တစ်ခုဖြစ်သည့်ပြင် နိုင်ငံတကာဧည့်သည်များ       ဝင်ထွက်သွားလာမှုများပြားသည့် မြို့ကြီးလည်းဖြစ်သည်။


မြို့တော်ရန်ကုန်တွင် စနေနေ့တိုင်း ဘုရား၊ ကျောင်းကန်များ နှင့် အများနှင့်သက်ဆိုင်သောနေရာများကို မြို့နယ်များရှိ ဒေသ ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ပရဟိတအဖွဲ့ များ၊ အရန်မီးသတ်အဖွဲ့များ    မြို့နယ်စည်ပင်ဝန်ထမ်းများက ရောင်တော်ဖွင့်ခြင်း၊ အမြင်မတင့်တယ်သည့် ခြုံနွယ်၊ အမှိုက်များ ကို စုပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။


သာယာစိမ်းလန်းကြည်လင်သော      မြို့တော်ရန်ကုန်တွင် စိတ်အေးကြည်လင်စွာ     ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ  ရန်ကုန်မြို့တော်၏   ရှုခင်းပသာဒအလှအပများကို  ဦးစားပေး လေ့လာလျက်ရှိရာ   ရန်ကုန်မြို့ကြီး သန့်ရှင်းသပ်ရပ်စေရေးကို မြို့တော်နေပြည်သူများ   ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိမ်းလန်းကြည်လင်လှပသော          မြို့တော်ဖြစ်စေရေးအတွက် ဖော်ဆောင်ပေးကြရန် လိုအပ်လှပေသည်။






အခြားဆက်စပ်သတင်းများ