နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-မြန်မာချစ်ကြည်ရေး ကွမ်းလုံတံတားသစ်ကြီး ၂၀၂၃ ခုနှစ် အပြီးတည်ဆောက်နေ

ရန်ကုန် ဒီဇင်ဘာ ၂၁


တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ပံ့ပိုးကူညီတည်ဆောက်ပေး သည့် ကွမ်းလုံတံတားကြီး စီမံ ကိန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၀ ရက်က တရားဝင် စတင် တည်ဆောက်လျက်ရှိရာ လာမည့် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။


စီမံကိန်း၌ ကွမ်းလုံတံတား အသစ် တည်ဆောက်ခြင်းနှင့် ကမ်းနှစ်ဖက် ဆက်သွယ်သော လမ်းများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။ ကွမ်းလုံတံတား သစ်၏ အရှည်မှာ ၂၈၆ မီတာ ခန့်ရှိပြီး ကမ်းနှစ်ဖက်ဆက်သွယ် သော လမ်းအရှည်မှာ ၄ ဒသမ ၃ ကီလိုမီတာခန့်ရှိကြောင်း သိ ရသည်။


စီမံကိန်း ဆောက်လုပ်ရေး ကာလမှာ လပေါင်း ၃၀ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန် ၉ ရက်တွင် တည်ဆောက်ပြီးစီးရန် မျှော်မှန်း ထားသည်။


စီမံကိန်း စတင်ဆောင်ရွက် ချိန်မှစ၍ တရုတ်-မြန်မာ နှစ် နိုင်ငံအကြား နီးကပ်စွာပူးပေါင်း ဆောင်ရွက်၍ လုပ်ငန်းအကောင် အထည် ဖော်ဆောင်သည့်လုပ်ငန်း ရှင်က ကပ်ရောဂါ၏ အကျိုး သက်ရောက်မှုများကို ရင်ဆိုင် ကျော်လွှားကာ စီမံကိန်းတည် ဆောက်မှုကို မထိခိုက်စေရန် ကာကွယ်ရေးလုပ်ငန်းများ အစွမ်း ကုန် မြှင့်တင်ထားသည်ဆို၏။ လက်ရှိတွင် တံတားဆောက် လုပ်ရေး၊ တံတား ချဉ်းကပ်လမ်း တည်ဆောက်ခြင်းတို့ကို စနစ် တကျ ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီ တည်ဆောက်ပေးသည့် ကွမ်းလုံ တံတားကြီးစီမံကိန်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီတွင် တရုတ်နိုင်ငံ သမ္မတ Mr.Xi Jinping ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ သည့် အရေးပါသည့် ပူးပေါင်း ဆောင်ရွက်မှု ရလဒ်များထဲက တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် အရေးပါသည့် စီမံကိန်းလည်း ဖြစ်သည်။


တံတားကြီး တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ ရှမ်း ပြည်နယ်မြောက်ပိုင်းနှင့် တရုတ် နိုင်ငံ ယူနန်နယ်စပ်ဒေသများ တွင် လမ်းပန်းဆက်သွယ်ရေး နှင့် ကုန်စည်ထောက်ပံ့ပို့ဆောင် ရေးအခြေအနေများ ပိုမိုကောင်း မွန်လာစေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အဆင့်မြှင့် တင်ရန်နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့် တင်ပေးနိုင်မည်ဖြစ်သည်ဟု သိ ရသည်။            မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ