နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ မြို့တော်ဝန်ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၁


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေး မှူး၊ ကော်မတီဝင်များ၊ ဌာန မှူးများနှင့် သက်ဆိုင်ရာတာဝန် ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် ကံဘဲ့စည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်း ချနေမှု၊ ဆည်မြောင်းချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊  တောင်ဥက္က လာပမြို့နယ်  ကျိုက္ကဆံချောင်း ကူးတံတား(မာဃ) တည် ဆောက်ပြီးစီးမှု၊ သင်္ဃန်းကျွန်း မြို့နယ် ခုနှစ်ပင်လိန်ချောင်း တစ်လျှောက် သန့်ရှင်းသပ်ရပ် ရေး ဆောင်ရွက်နေမှု၊ တာမွေ မြို့နယ် တာမွေယာယီဈေး ရောင်းဝယ် ဖောက်ကားနေမှု၊ မရမ်းကုန်းမြို့နယ် ရေစစ်ကန် ပြုလုပ် ဆောင်ရွက်နေမှုနှင့် အင်းစိန်မြို့နယ် မင်းဓမ္မကုန်း တော်နောက်လမ်း (ဇင်ဇီယာလမ်း) ရှင်းလင်း ဆောင်ရွက်နေမှုတို့ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ ၈ ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင် အိမ်ရာဝင်းအတွင်း ရွေ့လျား ဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနက ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံ နှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ် ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေး သို့ သွားရောက်ရန်မလိုဘဲ၊ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေး နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန် ရှိသူများက ရှင်းလင်းတင်ပြ ကြပြီး မြို့တော်ဝန်က အသား၊ ငါးနှင့်ဟင်းသီးဟင်းရွက်များ လတ်ဆတ်စေရေး၊ အလေး ချိန်ခွင် တိကျမှန်ကန်စေရေးနှင့် ဈေးရောင်း/ ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကြပ်မတ်ဆောင် ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် မြို့တော်ဝန် နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ ၉ ရပ်ကွက်၊ နှင်းဆီလမ်းရှိ ဆည်မြောင်းချောင်းအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေ လာစီမံခန့်ခွဲမှု)မှ ချောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှုနှင့် ၁၂ ပေ အကျယ်ရှိ ဆည်မြောင်း ချောင်း၏ ဝဲ/ယာတွင် အရှည် ၅၉၅ ပေ၊ အမြင့် ၉ ပေ၊ ထု ၁ ပေရှိ မြေထိန်းနံရံပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်း ကောင်းမွန်စွာဖြင့် သတ်မှတ် ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြား ပြီး လိုအပ်သည်များကို ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။ 


အဆိုပါ ဆည်မြောင်းချောင်း သည် အင်းလျားကန်ရေပိုလွှဲမှ စတင်စီးဆင်းပြီး တောင်ဥက္ကလာပ မြို့နယ် ရေပေါက်ကြည်ချောင်း မှတစ်ဆင့် ငမိုးရိပ်ချောင်း အတွင်းသို့ စီးဝင်လျက်ရှိရာ ဆည်မြောင်းချောင်း တစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် နှင့် ချောင်းကမ်းပါး ရေတိုက် စားမှုမှ လျော့ပါးစေပြီး ရေကြီး ရေလျှံမှုကိုကာကွယ်ရန် မြေ ထိန်းနံရံ ပြုလုပ်နေခြင်း ဖြစ် ကြောင်း သိရသည်။ 


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၈ နာရီ တွင် အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား)က တာဝန်ယူ ဆောင်ရွက် ပြီးစီးပြီဖြစ်သော တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ မာဃလမ်းရှိ အရှည် ၄၀ ပေ အကျယ် ၃၀ ပေ သံမဏိသံပေါင်သံကူ ကွန်ကရစ် ကျိုက္ကဆံချောင်းကူး တံတား(မာဃ)သို့ သွားရောက် ၍ တံတားချဉ်းကပ်လမ်းနှင့် တံတားအောက်ခြေချောင်းစပ် တွင် အမြင်မတင့်တယ်သော မြေကြီးပုံများနှင့်မြက်ချုံများ အား ရှင်းလင်းရန်၊ ချောင်း အတွင်း အမှိုက်များ၊ နုန်းများကို ဆယ်ယူရှင်းလင်းရန်၊မြို့နယ် အရန်မီးသတ်တပ်ဖွဲ့(တပ်ရင်း ရုံး) ရှေ့လမ်းနှင့် တစ်ဆက် တည်း ကွန်ကရစ် ခင်းကျင်း ရန်နှင့် တံတားချဉ်းကပ် လမ်းဝဲ/ယာ သန့်ရှင်းသပ်ရပ်ရေး မြေ ယာရှုခင်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ 


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာ လမ်း ခုနှစ်ပင်လိန်ချောင်းကူး တံတားသို့ သွားရောက်၍ခုနှစ် ပင်လိန်ချောင်းနှင့် ကားလမ်း အကြား အမှိုက်များရှင်းလင်း နေမှုနှင့် ချောင်းကူးတံတား တစ်စင်း ထပ်မံတည်ဆောက် နိုင်ရေး မြေနေရာ ရွေးချယ် ထားမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။


ယင်းနောက် မြို့တော်ဝန် နှင့် အဖွဲ့သည် တာမွေမြို့နယ် ကျိုက္ကဆံလမ်း ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ တာမွေ ယာယီဈေးသို့ သွားရောက်၍ ဈေးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများကိုကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော စည်ကမ်း ချက်များနှင့်အညီ ရောင်းဝယ် ဖောက်ကားနေမှု၊ ဈေးသစ် တည်ဆောက်ရေးအတွက် ယာယီဈေးရုံတွင် နေရာချထား မှုနှင့် ဈေးအတွင်း နို့ဈေးရုံ တို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်း/ ဈေးဝယ်သူများ ကိုဗစ်ရောဂါ ကာကွယ်ထိန်း ချုပ်ရေးအတွက် လိုက်လံအသိ ပေးနှိုးဆော်ခြင်း၊ နှာခေါင်း စည်း (Mask)များ ပေးဝေခြင်း ဆောင်ရွက်ကာ ဈေးအတွင်း ဝင်/ထွက်လမ်းများ ကောင်းမွန် ရေး၊ မီးဘေးလုံခြုံရေးနှင့် သန့်ရှင်း သပ်ရပ်စေရေးတို့ အတွက် လိုအပ်သည်များ မှာကြားသည်။ 


အဆိုပါစျေးသည် စျေးဆိုင် ခန်းပေါင်း ၆၄၂ ခန်းရှိပြီး ဆိုင်ခန်းအားလုံးနီးပါး ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရ သည်။ 


ဆက်လက်၍ ဈေးမြောက် ဘက်ရှိ ဝန်ထမ်းလိုင်းခန်းများ နှင့် မိုးမခချောင်း မြေထိန်းနံရံ တည်ဆောက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုင်းခန်း များ သန့်ရှင်းသပ်ရပ်ရေးနှင့် ဝန်ထမ်းများ ကျန်းမာရေး အတွက် ကြပ်မတ်ဆောင်ရွက် ရန်နှင့် မိုးမခချောင်းကို ရေစီး ရေလာ ကောင်းမွန်စေရန် Excavator စက်ယန္တရားဖြင့် အမှိုက်များ၊ နုန်းများနှင့် သဲမြေတို့ ကို ဆယ်ယူရှင်းလင်းဆောင် ရွက်ရန်တို့အား မှာကြားသည်။ 


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၉ နာရီ တွင် မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ပါရမီလမ်းပေါ်ရှိ အင်းလျားကန် ရေဝင်ပေါက် ရေမြောင်းနှင့် ရေစစ်ကန် ပြန်လည်ပြုပြင် တည်ဆောက် ထားမှုကို ကြည့်ရှုစစ်ဆေးပြီး အင်လျားကန်သို့ သန့်စင်ပြီး ရေများသာ ဝင်ရောက်စေရေး အတွက် ကန်စပ်ရှိ ရေစစ်ကန် အဟောင်းကို ပြန်လည်တူး ဖော် တည်ဆောက်ရန်နှင့်ရေစစ် ကန်နှစ်ကန်အကြား ရေဝင် ပေါက်မြောင်း တစ်လျှောက် ဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ် ရေးနှင့် မြေယာရှုခင်းလုပ်ငန်း များ ဆောင်ရွက်ရန် မှာကြား သည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၉ နာရီခွဲ တွင် အင်းစိန်မြို့နယ်၊မင်းဓမ္မ ကုန်းတော်နောက်လမ်း (ဇင်ဇီ ယာလမ်း)သို့ သွားရောက်၍ လမ်းတစ်လျှောက် အမှိုက်များ၊ ကျောက်တုံးနှင့် ခဲများဖယ်ရှား ရှင်းလင်းပြီးစီးမှုနှင့် လမ်းဖောက် လုပ် ဆောင်ရွက်နိုင်ရေး မြေပြု ပြင်ခြင်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန် ကရစ် ခင်းကျင်းရန်၊ လမ်း တစ်လျှောက် အုပ်မိုးကိုင်းများ ရှင်းလင်းအလင်းဖွင့်ရန်နှင့်သန့် ရှင်း သာယာသပ်ရပ်ရေးဆောင် ရွက်ရန်တို့ကို  မှာကြားသည်။ 


အဆိုပါ လမ်းသည် မင်းဓမ္မ လမ်းမှ ပြည်လမ်းအကြား အရှည် ၂၈၀၀ ပေရှိပြီး မင်းဓမ္မလမ်း ယာဉ်ကြောကြပ်တည်းမှု လျှော့ ချနိုင်ရန် ပြန်လည်ဖောက် လုပ်ခြင်းဖြစ်ကြောင်း သိရ သည်။   သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ