နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုး တိုင်းကျိုးပြည့်စွမ်းအား

ကျန်းမာရေးဝန်ကြီးဌာနသည် ကျောင်းကျန်းမာရေး ကျောင်း သား၊ ကျောင်းသူများ ရောဂါဘယကင်းရှင်းရေးအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည်။ 


အခြေခံပညာကျောင်းများသည် လူမှုအဖွဲ့အစည်းများ၏ အခြေခံကျသောဌာနဖြစ်ပေရာ ကျောင်းများသည် လူငယ်များ မိသားစု၊ တစ်စုနှင့်တစ်စု မတူညီသော အကျင့်စရိုက်ဖလှယ်ကြ သောနေရာလည်းဖြစ်ရာ ကျောင်းများတွင် လူငယ်များအား ပြုစု ပျိုးထောင်ခြင်းသည် နိုင်ငံတကာတွင် အခြေခံကျသော အခန်း ကဏ္ဍအလေးထားဆောင်ရွက်လျက်ရှိကြသည်။


ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်ငါးရပ်ဖြစ်သော "ဝန်းကျင် သန့်ရှင်းရေး၊ စစ်ဆေးကျန်းမာ၊ ရောဂါကုလျက်၊ ကူးစက်ကာကွယ်၊ အာဟာရဖွံ့ဖြိုးတိုးတက်စရာ၊ ပညာပေးမှု သုတေသနပြု၊ ပေါင်းစု ကျောင်းကျန်းမာ" ဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက် ရှိသည်။


ကျန်းမာရေးဟုဆိုရာတွင် ရှိသင့်၊ ရှိထိုက်သော ကိုယ်အလေး ချိန်ရရှိရေး၊ အသက်အရွယ်နှင့် လိုက်လျောညီထွေရှိသော အာဟာရ ပြည့်ဝရေးအတွက်    ကျောင်းတွင်းအာဟာရတိုက်ကျွေးမှုဖြင့် ဖြည့်ဆည်းပေးရေးကိုပါ ပြုလုပ်ရမည်ဖြစ်သည်။


ကျွန်ုပ်တို့နေ့စဉ်စားသောက်နေကြသော    အစားအစာများသည် မျှတသောအစားအစာဖြစ်ရန် လိုအပ်၏။ မျှတသောအစားအစာ ဆိုသည်မှာ လူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရ ဓာတ်များ အမျိုးအစားစုံလင်စွာ မျှမျှတတပါဝင်သော အစားအစာ များပင်ဖြစ်၏။


မြန်မာနိုင်ငံတွင်    အများဆုံးတွေ့ရသော    အာဟာရဆိုင်ရာ ရောဂါများမှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊ သွေးအားနည်းရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါများ၊ ဗီတာမင်အေချို့တဲ့ရောဂါများဖြစ် သည်ဟု သုတေသီများက ထုတ်ဖော်ပြောကြားထားသည်။


မြန်မာကလေးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် မျှတ သော အာဟာရများကို စားသုံးခွင့်မကြုံသော်လည်း မိဘများ၏ စီးပွားရေးအခြေအနေအရ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေ သော အစားအသောက်များနှင့် ကျင်လည်နေကြရသည်။ ထို့ကြောင့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြစေရန်      ကျန်းမာကြံ့ခိုင်ပြီး အာဟာရပြည့်ဖြိုး၊    ဉာဏ်ရည်တိုးစေရန်    ကျောင်းများတွင် နို့တိုက်ကျွေးရေးစီမံချက်ကို အကောင်အထည်ဖော်သင့်ပေသည်။


ဤမွန်မြတ်သောလုပ်ငန်းတွင် အနာဂတ်နိုင်ငံတော်၌ ကိုယ် ခန္ဓာကြံ့ခိုင်သော မြန်မာလူမျိုးဖြစ်ရေး အာဟာရဓာတ်ပြည့်ဝသော နွားနို့သောက်သုံးသည့် အလေ့အကျင့်ဖြစ်ရေး၊ အာဟာရမြှင့်တင် ရေးပူးပေါင်းဆောင်ရွက်မှုများ     တိုးချဲ့ဆောင်ရွက်ကြရမည်ဖြစ် သည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးနှင့်  အစားအစာများ ဘေးကင်းလုံခြုံရေး လုပ်ငန်းများအပြင် ကလေးသူငယ်များနှင့် ပြည်သူအများ ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက် မြင့်မားရေးအတွက် နွားနို့ နေ့စဉ် ပုံမှန်သောက်သုံးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျန်းမာ ဖွံ့ဖြိုးဉာဏ်ရည်တိုးရေးကို အထောက်အပံ့ဖြစ်စေသည့် ယင်းကဲ့ သို့သောအစီအမံကောင်းများ  ကျယ်ပြန့်စွာပေါ်ထွန်းလာရေးကို ကြိုဆိုလိုက်ရပေသည် ။






အခြားဆက်စပ်သတင်းများ