နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းပေး

လောက၌ အသိဉာဏ်ပညာပြည့်စုံသော လူတစ်ယောက်အနေ ဖြင့် အရာရာကို ချင့်ချိန်စဉ်းစားလုပ်ကိုင်တတ်ကြ၍ ကောင်းကျိုး စီးပွားအဖြာဖြာတို့ တိုးပွားလာကြရ၏။ အသိဉာဏ်ပညာသည် အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးတို့ကို ဝေဖန်ပိုင်းခြားသိနိုင် စွမ်းပေးသည်။


နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့် အင်အားသုံးရပ်တောင့်တင်းခိုင်မာစေရန် နိုင်ငံသားများ၏ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အထူးအရေးပါ သည်။ ယင်းသို့ တိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင်များတွင် ပညာရေးကဏ္ဍလည်းပါဝင်ပြီး ပညာရေးကဏ္ဍတွင်လည်း အခြေခံ ပညာရေးသည် အဓိကကျနေသည်။


နိုင်ငံတော်သစ်တည်ဆောက်ရာတွင် မျိုးဆက်သစ်လူငယ် များအပါအဝင် တစ်နိုင်ငံလုံးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကကျ၍ ပညာရေးကဏ္ဍကို  နိုင်ငံတကာ အဆင့်မီမြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။


ယနေ့ကာလတွင် လူတိုင်းခေတ်နှင့်အညီ အမီလိုက်နိုင်ရန်         နိုင်ငံတိုင်းအပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ၏ပညာရေးရည်မှန်းချက်များကို အောင်မြင်အောင်ကြိုးပမ်း အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ  တိုးချဲ့မြှင့်တင်အကောင် အထည်ဖော်ရေးဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် ပညာရှင်များ၊ ကျွမ်းကျင် သူများနှင့်  ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးသည် အဓိကအရေးပါသည်။


နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာရေး ကဏ္ဍတွင် ရေရှည်ကောင်းမွန်သော အုတ်မြစ်ချပေးရန်နှင့် ရေတို လုပ်ငန်းစဉ်များ အောင်မြင်စွာလုပ်ဆောင်နိုင်ရန် မူဝါဒလမ်းစဉ် များ ချမှတ်၍ ပြည်သူတို့၏လိုအပ်ချက်များအပေါ် အခြေခံကာ လေ့ကျင့်ပေးရန်လိုအပ်သည်။


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်း သစ်မှုဦးစီးဌာနသည် ပညာရှင်များ၊ ဝန်ထမ်းများဖြင့် သုတေသန တီထွင်မှုများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အီလက်ထရောနစ်နှင့် ဓာတုနည်းပညာ လုပ်ငန်းများ၊  ဓာတ်ခွဲတိုင်းတာခြင်းလုပ်ငန်းများ၊  ပြန်ပြည့်မြဲ စွမ်းအင်လုပ်ငန်းများ၊    လူသုံးကုန်နှင့်  စားသောက်ကုန်ပစ္စည်း လုပ်ငန်းများ၊ ဈေးကွက်ဝင်ထုတ်ကုန်စသည့် သုတေသနလုပ်ငန်း များအပြင် မြို့တော်စည်ပင်၏စွန့်ပစ်အမှိုက်များ စီးပွားဖြစ်ဇီဝ မြေဩဇာထုတ်လုပ်သွားရန်  စသည်တို့ကို နိုင်ငံတော်၏ လူ့စွမ်း အားလိုအပ်ချက်ဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိသည်။


နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာရေး ကဏ္ဍတိုးချဲ့မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်၏အစီအမံများကို တာဝန်ရှိသူအဖွဲ့အစည်းအသီးသီးနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ သင်တန်းသား၊ သင်တန်းသူများကပါ တာဝန်သိစိတ်ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် အထူးလိုအပ်ပေသည် ။        ။






အခြားဆက်စပ်သတင်းများ