နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြင့်တက်နေသော်လည်း မော်စကိုမြို့တွင် ပိတ်ဆို့မှုများ ဖြေလျှော့

ဇွန် ၂  မော်စကို

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် မြင့်တက်လာသော်လည်း မော်စကိုမြို့မှ အာဏာပိုင်များက ပိတ်ဆို့မှုစည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည်။ ရက်သတ္တကိုးပတ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မော်စကိုမြို့ရှိ ပန်းခြံများနှင့် ဈေးဝယ်စင်တာများကို ပြန်ဖွင့်ပေးခဲ့ပြီး လူများကို လမ်းလျှောက်ခွင့်၊ အတိုင်းအတာတစ်ရပ်အထိ လေ့ကျင့်ခန်းလုပ်ခွင့်ပေးခဲ့သည်။

ရုရှားနိုင်ငံမှာ ရောဂါကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကာလ ကျော်လွန်သွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်တွင် သမ္မတပူတင်က ကြေညာခဲ့သည်။

သို့သော် ကူးစက်မှုပမာဏ မြင့်တက်နေဆဲဖြစ်ပြီး အချို့သူများက ကန့်သတ်မှု ဖြေလျှော့ပေးခြင်းကို မေးခွန်းထုတ်ခဲ့သည်။ ရုရှားနိုင်ငံတွင် ပြီးခဲ့သည့်တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၃၅ ဦးရှိခဲ့ပြီး လူ ၁၆၂ ဦး သေဆုံးခဲ့သည်။

အမေရိကန်နှင့် ဘရာဇီးနိုင်ငံပြီးနောက် ရောဂါကူးစက်မှု တတိယအများဆုံးဖြစ်နေသည့် ရုရှားနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၄၁၄၈၇၈ ဦးရှိပြီး လူ ၄၈၅၅ ဦး သေဆုံးခဲ့သည်။                                               

(KNT)






အခြားဆက်စပ်သတင်းများ