နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးဆီဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရေး ပြည်ပမှစားသုံးဆီများ တရားဝင် ဝင်ရောက်မှုရှိစေရေး နိုင်ငံတော်က ကြပ်မတ်ဆောင်ရွက်သွားမည်

ရန်ကုန်  ဒီဇင်ဘာ  ၁၈


မြန်မာနိုင်ငံ စားသုံးဆီ သုံးစွဲမှုသည် တစ်နှစ်လျှင်ပျမ်းမျှ တန်ချိန် ၁၇ သိန်းခန့်ရှိပြီး ပြည်တွင်းက မလုံလောက်၍ နှစ်စဉ် ပြည်ပမှ တင်သွင်းနေရ ဆဲဖြစ်ရာ ကျန်းမာရေးနှင့်အညီ ဆီစားသုံးမှုလျှော့ချကာ ဆီထွက် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ် ရန် ရည်မှန်းဆောင်ရွက်လျက် ရှိသည်။


နိုင်ငံခြားသုံးငွေ သုံးစွဲမှု လျော့ကျစေရေးအတွက် စားသုံး ဆီ တင်သွင်းရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာမှ စတင်ပြီး အခြေခံမူများ ချမှတ်ပြီး ဆောင် ရွက်လျက်ရှိရာ ယင်းသို့ သတ် မှတ်လိုက်သဖြင့် စားသုံးဆီ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေ ရေးကို အဓိကထားကာ ပြည်ပ မှ တရားဝင် တင်သွင်းစေရေးကို နိုင်ငံတော်က ကြပ်မတ်ဆောင် ရွက်သွားမည်ဟု သိရသည်။


မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း သည် စားသုံးဆီများ သက်သာ သော ဈေးဖြင့် ရောင်းချပေး လျက်ရှိရာ ရန်ကုန်မြို့ရှိ စားသုံးဆီ လက်လီ/လက်ကား ကုန်သည် များသို့ ၁၄ ကြိမ် (တန်ချိန် ၁၈၇၁၇ ဒသမ ၄၀ တန်)၊ နေပြည်တော်အပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်များရှိ အသင်း ၁၆ သင်းသို့ (တန်ချိန် ၄၃၀၇ ဒသမ ၄၄ တန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဈေးကားများဖြင့် တန်ချိန် ၂၁၇၉ ဒသမ ၁၉ တန် လှည့်လည် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရ သည်။


လက်ရှိတွင် အမေရိကန် ဒေါ်လာ ဝယ်ယူရရှိမှု ၃၁ သန်း အထိရှိလာရာ အဆိုပါ ငွေနှင့် ညီမျှသည့် ဆီများကို နိုဝင်ဘာ တွင် ဆီလက်လီ/လက်ကား လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသင်းများ၊ ဈေးကား များအတွက် ဆက်လက်ရောင်းချ  ပေးခဲ့သည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ