နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖရန်ကီ ဒီဂျောင်ကို ယူရို သန်း ၉၀ ရရှိမှသာ ဘာစီလိုနာအသင်း ရောင်းချမည်

ဒီဇင်ဘာ ၁၈


ဘာစီလိုနာအသင်းသည် ဥရောပထိပ်သီး ကလပ်အသင်း များက ခေါ်ယူရန် စိတ်ဝင်စားနေ သည့် ကွင်းလယ်ကစားသမား  ဖရန်ကီဒီဂျောင်ကို ပြောင်းရွှေ့ ကြေး ယူရိုသန်း ၉၀ ရရှိမှသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာအနေဖြင့် လာမည့် နှစ် ဘောလုံးရာသီတွင် ဒေါ့မွန် အသင်း တိုက်စစ်မှူး ဟာလန်း ကို ခေါ်ယူနိုင်ရန် ပစ်မှတ်ထား နေပြီး လက်ရှိတွင် အသင်း၏ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ဥရောပအသင်းကြီးများ ၏ စိတ်ဝင်စားမှုကို ခံနေရသည့် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ရောင်းချပြီး ယူရို သန်း ၉၀ အလိုရှိနေခြင်းဖြစ် သည်။


လက်ရှိတွင် ဖရန်ကီဒီဂျောင် သည် ဘာစီလိုနာအသင်း ကွင်းလယ်တွင် အဓိကခြေစွမ်း ပြသနေသော်လည်း အသင်း ဥက္ကဋ္ဌက ယင်း၏နေရာတွင် လူငယ် ကစားသမားများကို အစားထိုး အသုံးပြုရန် ပြင်ဆင် နေသကဲ့သို့ အသင်း၏ ဘဏ္ဍာငွေ သုံးစွဲမှုလျှော့ချနိုင်ရန် ဖရန်ကီ ဒီဂျောင်ကို ရောင်းချရန် စီစဉ်နေ ခြင်းဖြစ်သည်။


ဖရန်ကီ ဒီဂျောင်သည်  ၂၀၁၉  ခုနှစ်က အေဂျက်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်း ရွှေ့ကြေး ယူရို ၈၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနေ သူ ဖြစ်သည်။                (သူရိန်)






အခြားဆက်စပ်သတင်းများ