နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
2021 Comeback Player of the Year Award ဆု အမေရိကန်တင်းနစ်ကစားသမား မက်ကင်ဇီရရှိ

ရန်ကုန်  ဒီဇင်ဘာ  ၁၈


အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တွင် အခြေစိုက်သည့် အပြည် ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ အစည်း (ATP) ၏ 2021 Come back Player of the Year Award ဆုကို အမေရိကန် တင်းနစ်ကစားသမား မက်ကင်ဇီ က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


မက်ကင်ဇီသည် ၂၀၁၉ ခုနှစ် တွင် တံကောက်ကြောဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် တင်းနစ်ရာသီနှင့် ကင်းကွာခဲ့ရပြီးနောက် ကမ္ဘာ့ အဆင့် ၁၉၄ သို့ ကျဆင်း သွားခဲ့ပြီး ၂၀၂၁ ခုနှစ်တင်းနစ် ရာသီမှ တင်းနစ်လောကသို့ ပြန်လည် ဝင်ရောက်လာသူဖြစ် သည်။


၂၀၂၁ ခုနှစ် တင်းနစ်ရာသီ တွင် ဇန်နဝါရီလက ကာဇက် စတန်နိုင်ငံ၌ ကျင်းပခဲ့သည့် ATP Tour ပြိုင်ပွဲတစ်ရပ်ဖြစ် သည့် ATP Challenge Tour တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆု ကို ဆွတ်ခူးရရှိခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ကျင်းပခဲ့သည့် City Open တင်းနစ်ပြိုင်ပွဲတွင်လည်း ဒုတိယဆုကို ရရှိခဲ့သည်။


၂၀၂၁ ခုနှစ်အတွင်း အကောင်း ဆုံး လက်စွမ်းပြနိုင်ခဲ့သည့် မက်ကင်ဇီသည် လက်ရှိတွင် ကမ္ဘာ့အဆင့် ၅၄ နေရာသို့ ပြန်လည်ရောက်ရှိလာပြီး တင်းနစ် လောကမှ အနားယူရမည့် အခြေအနေတွင် ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ သော မက်ကင်ဇီကို ATP အဖွဲ့ချုပ်က ၂၀၂၁ ခုနှစ်၏ အကောင်းဆုံး တစ်ကျော့ပြန် တင်းနစ် ကစားသမားဆုဖြစ် သည့် Comeback of the Year Award ဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။         (သူရိန်)






အခြားဆက်စပ်သတင်းများ