နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုံရွာ အဝေးပြေးကားကြီးကွင်းအသစ်လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်

မုံရွာ  ဒီဇင်ဘာ  ၁၈


မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရှိ ရှစ်ဧကခန့်ကျယ် သော မြေနေရာပေါ်တွင်အဆင့်မြင့် အဝေးပြေး ကားကြီးကွင်းအသစ် ကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းတွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရ သည်။


လက်ရှိ မုံရွာတောင်ရပ်ကွက် အဝေးပြေးကားဝင်းတွင် ယာဉ် လိုင်းပေါင်း ၁၀၀ ကျော်အထိ တိုးမြင့်လာသောကြောင့် ယခု ကဲ့သို့ ကားကြီးကွင်းအသစ်ကို ထပ်မံ တည်ဆောက်ခြင်းဖြစ် သည်။ လက်ရှိတွင် ကားကြီးကွင်း အသစ် ရာနှုန်းပြည့်နီးပါး တည် ဆောက်ပြီးစီးနေပြီဖြစ် ရာ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေသည်။ 


အဆိုပါ ကားကြီးကွင်းအသစ် တွင် ကားဂိတ်များ၊ စားသောက် ဆိုင်များ၊ အများသုံးသန့်စင်ခန်း များ၊ ကားအဝင်အထွက်လမ်းများ၊ အဝေးပြေးကားများ ဆိုက်ရောက် ရန်နေရာ၊  ခရီးသည်ကြိုကား များနှင့် ဆိုင်ကယ်များရပ်နား ရန်နေရာများ ပါဝင်သည်။


ထို့ပြင် အဝေးပြေးကားများ စုပေါင်းရပ်နားရန်နေရာ၊ မီးဘေး လုံခြုံရေးအတွက် ရေသိုလှောင် ကန်နှင့် မီးသတ်ရေငုတ်(Hydrant) များကိုလည်း စနစ်တကျစီစဉ် ထားပြီး ရန်ကုန်နှင့် နယ်ဝေး ပြေးဆွဲမည့် အမြန်ယာဉ်များကို ဦးစားပေးထားရှိသွားမည်ဆို၏။       

   (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ