နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆွေးနွေးပွဲကျင်းပ ခရီးသွားပြည်သူလူထုသည် ယာဉ်မောင်းများ၏ ထမင်းရှင်များဖြစ်

ရန်ကုန်  ဒီဇင်ဘာ  ၁၈


ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ကုမ္ပဏီများ နှင့် ပုဂ္ဂလိကကြီးကြပ်အဖွဲ့များ မှ YBS ယာဉ်မောင်းများ ဘေး အန္တရာယ် ကင်းရှင်းစွာဖြင့် သယ်ယူ ပို့ဆောင်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် YBS ယာဉ် မောင်းများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆွေးနွေးပွဲအမှတ် စဉ် ၃ နှင့် အမှတ်စဉ် ၄ တို့ကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် YRTC သင်တန်းခန်းမ၌ ကျင်းပရာ  တစ်ရက်လျှင် YBS ယာဉ်မောင်း ၅၀ ဦးစီ တက်ရောက်ကြသည်။


ယင်းဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကို၊ အတွင်းရေးမှူး ဦးအောင်းဝင်း၊ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်နှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ပြီး ဒုတိယဥက္ကဋ္ဌဦးချစ်ကိုကို က ရန်ကုန်မြို့၏ အဓိက လုပ်ငန်းများတွင် ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း လည်းပါဝင်ကြောင်း၊ ယာဉ်မောင်း များအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် ယခုဆွေးနွေးပွဲက အသိပညာ ရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ မတော် မဆယာဉ်တိုက်မှုကြောင့် လူ တစ်ယောက် သေဆုံးမှုမဖြစ် ပေါ်ခဲ့လျှင် ဆွေးနွေးပွဲကျင်းပ ပေးရခြင်းမှာ အကျိုးရှိပါကြောင်း၊ ကြုံတွေ့နေရသော YBS ယာဉ် မောင်းများ၏ အခက်အခဲများ သိရှိရန်လိုကြောင်း၊ နောင်တွင် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး သော ယာဉ်မောင်းများကို အိမ် နီးချင်းထိုင်းနိုင်ငံ ခရီးသည်တင် ယာဉ် မောင်းနှင်နေမှုများကို လက်တွေ့လေ့လာရေး တစ်ပတ် ခန့် ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း၊ ခရီးသွားပြည်သူလူထု သည် မိမိတို့၏ ထမင်းရှင်များ ဖြစ်သဖြင့် အန္တရာယ်ကင်းရှင်း စွာဖြင့် လိုရာခရီးသို့ ပို့ဆောင် ပေးရေးသည် ယာဉ်မောင်းများ ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲက ရရှိသည့် သင်ခန်း စာများကို လေ့လာ၍ ယာဉ် အန္တရာယ် ကင်းရှင်းစွာ မောင်း နှင်နိုင်သော ယာဉ်မောင်းများ အဖြစ် ကြိုးစားဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြား သည်။


ဆွေးနွေးပွဲများတွင် YRTC၊ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန၊ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့နှင့် Myanmar Organi- zation for Road Safety တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက် ဆွေးနွေးပို့ချကြသည်။

သတင်းနှင့် ဓာတ်ပုံ-YRTC






အခြားဆက်စပ်သတင်းများ