နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူး ရုံး၌ ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၁၀ နာရီ တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်  အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီ စာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများ ကို မြို့နယ်အဆင့် ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင်  အထက် တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ သုံးဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင် ကျောင်းသား၊ ကျောင်းသူ သုံးဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ       ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သည်။


အဆိုပါပြိုင်ပွဲတွင်  ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပ ပြုလုပ်သော ခရိုင်အဆင့်၊ တိုင်းအဆင့် ပြိုင်ပွဲများသို့ အဆင့်ဆင့် ဆက်လက် ရွေးချယ်ဝင်ရောက် ယှဉ်ပြိုင်သွားရမည် ဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အဆင့် ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်၊ အ.ထ.က သုဝဏ္ဏကျောင်း၌ လည်းကောင်း၊ တိုင်း အဆင့် ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် တွင် အ.ထ.က ၂ လသာကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

စန္ဒာမိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ