နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊   တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့်  လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည် စေပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ၏ အသက်သွေးချွေးများကို စတေး ကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန် နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မူစွမ်း ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်ပိုင်း အချိန်က  မြို့နယ်ပညာရေးဌာန ၏  စီစဉ်မှုဖြင့်  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ  မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်အားထက်သန် စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်  ပိုစတာပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ် သည်များကို  ကူညီဆောင်ရွက်ပေး သည်။


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တာမွေမြို့နယ်တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အခြေခံပညာမူလတန်း အဆင့် ပန်းချီပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းအဆင့်  စာစီစာကုံး ပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ နှင့် ကဗျာပြိုင်ပွဲတို့တွင် မြို့နယ်အဆင့် ဆုရရှိသူများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာသွားမည်ဖြစ်ပြီး အဆိုပါမြို့နယ်အဆင့် ပြိုင်ပွဲတစ်ခုချင်းစီ တွင် ပထမဆုရရှိသူတစ်ဦးကိုသာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် အ.ထ.က သုဝဏ္ဏ၌ တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပ သော ခရိုင်အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုသွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ များကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အ.ထ.က ၂ လသာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပသွားမည်ဖြစ်သည်။

နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ