နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး စာဖတ်စွမ်းရည် ကဗျာပြိုင်ပွဲများ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၁၈


၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကို မော်လမြိုင်ခရိုင်  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေး ဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ တွင် ကျင်းပသည်။


ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ် ချက်ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာ က ရှင်းလင်းမှာကြားပြီး ပြိုင်ပွဲကို ကျင်းပခဲ့ရာ   စာပေဖတ်စွမ်းရည် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ  သုံးဦးနှင့်  ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ လေးဦးတို့ကို တာဝန်ရှိသူ များက ဆုများ အသီးသီးချီးမြှင့်သည်။

ဇာဖြူဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ