နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်သမား တရားခံ အောင်နိုင်မြင့်၏ ဝန်ခံပြောကြားချက်

ရန်ကုန်၊  ဒီဇင်ဘာ ၁၄


ကျွန်တော်ကတော့ မန္တလေး PDF မှ အောင်နိုင်မြင့်ဖြစ်ပါတယ်။ ချမ်းမြသာ စည်မြို့နယ်မှာ နေပါတယ်။ ကျွန်တော့် အနေနဲ့ မန္တလေး PDF အဖွဲ့ခေါင်းဆောင် တွေရဲ့ စေခိုင်းချက်အရ ကျွန်တော်က ဒလန်ရှင်းလင်းရေးတွေမှာ အဓိကထား ပြီး လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင် တဲ့အခါမှာ ကျွန်တော်တို့က အဓိက အားဖြင့် အုပ်ချုပ်ရေးမှူးရုံးတွေ၊ နိုင်ငံ့ ဝန်ထမ်း လုံခြုံရေးပေးတဲ့ အဓိက အဖွဲ့ ဝင်တွေကို လိုက်လံရှင်းလင်းရပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက်ကို နယ်မြေ အတွင်းထဲမှာ     အဖွဲ့တွေခွဲပြီးတော့ အခြေအနေပေးရင်ပေးသလို ကျွန်တော် တို့ လုပ်ဆောင်ရတာပါခင်ဗျ။ ဒီနေ့ မှာတော့ ကျွန်တော်တို့အဖွဲ့က သူနာပြု ဆရာမဖြစ်တဲ့    ချမ်းမြငြိမ်းနဲ့   သူ့ ယောကျ်ားကို လုပ်ကြံခဲ့တာပါခင်ဗျ။ အဓိကအဖွဲ့ကတော့   ကိုတေမိ၊ ရဲရဲ၊ ပါကျဲတို့ သုံးဦးပေါင်းပြီး လုပ်ခဲ့ကြတာ ပါ။    အောင်ပင်လယ်ဘက်မှာတော့ သံဃာတော်နဲ့အတူ ဆွမ်းခံကြွချိန်လိုက် ပါလာတဲ့ ပရဟိတလုပ်တဲ့ ကိုဇော်စိုင်းဝင်း အား ကိုဖြိုးဝေအောင်၊ ကိုနိုင်မင်းထွေး တို့က လုပ်ကြံခဲ့တယ်လို့ သိရပါတယ်။ ပြည်ကြီးတံခွန်ဘက်မှာတော့ အုပ်ချုပ် ရေးမှူး ဦးစိုးငြိမ်းဟန်ကိုလည်း မနက်က ရှမ်းခေါက်ဆွဲစားနေချိန် နဂိုကတည်းက စောင့်ဆိုင်းနေတာပါ။ ကျွန်တော်တို့က ကိုသက်ပိုင်သူ၊ ကိုသိန်းသန်းအောင်တို့ က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တာ ပါ။ မြို့တွင်းပစ်ခတ်မှုတွေကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ လမ်း ဆုံ၊ လမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေနေချိန် မှာ ကျွန်တော့်ကို ဖမ်းဆီးရမိခဲ့တာပါ။ ဒီလို ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့် ဖုန်းကိုစစ်တဲ့အခါမှာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေ၊ ဒလန် ရှင်းလင်းရေး အစီအမံတွေကို လုံခြုံရေး အဖွဲ့ဝင်တွေက ဖော်ထုတ်တွေ့ရှိခဲ့ပါ တယ်။ စစ်ဆေးချက်အရ ကျွန်တော်တို့ PDF အဖွဲ့ဝင်နေရာတွေကို လိုက်ပြဖို့ပြော တာကြောင့်    အောင်ပွဲခံတဲ့နေရာကို ကျွန်တော်ကိုယ်တိုင် လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့အတူ    လိုက်ပြပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေ ၆၁  လမ်း x ၆၂ လမ်း၊ ၄၂ လမ်းကို ရောက်ရှိခဲ့တဲ့အခါမှာ ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ နေအိမ် အတွင်းကနေ သေနတ်တွေ၊ လက်ပစ်ဗုံး တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ အခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပြန် လည်ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ PDF အဖွဲ့ဝင်ရှစ်ဦး လည်း သေဆုံးခဲ့ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့အဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှု ကြောင့် သေဆုံးသွားတဲ့မိသားစုဝင်တွေ ပူဆွေးသောက ရောက်ခဲ့သလိုပဲ ကျွန်တော်တို့လည်း  ကံ၊ ကံ၏ အကျိုး ခံစား‌နေရတယ်လို့ပဲ မှတ်ယူပါတယ်။ ကျွန်တော်တို့ ဘဝနဲ့ယှဉ်ပြီးတော့ရခဲ့တဲ့ သင်ခန်းစာတွေက PDF အဖွဲ့တွေကို ပြောချင်တာကတော့ ဥပဒေရဲ့အကာ အကွယ်ဟာ ပြည်သူအတွက် အလုံခြုံဆုံး ပဲလို့ ပြောချင်ပါတယ်ခင်ဗျ။

သတင်းစဉ်






အခြားဆက်စပ်သတင်းများ