နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး

လူမှုဘဝနယ်ပယ်၌ အရာရာတွင်  ပလတ်စတစ်ပစ္စည်း၊ ဓာတုပစ္စည်းနှင့် မကင်းပါ။ အစားအသောက်၊ အဝတ်အထည်၊ သုံးစွဲစရာပစ္စည်းမှအစ ဓာတုဓာတ်သဘောနှင့်  မလွတ်ကင်းချေ။ လူမှုပတ်ဝန်းကျင်တွင် ဓာတုဓာတ်သဘောနှင့်  မကင်းသည့် အတွက် သတိပြုဆင်ခြင် သုံးစွဲသင့်ပေသည်။ 


လူအများ လွယ်ကူစွာအဆင်ခြင်မဲ့ စားသောက်စရာများကို ပလတ်စတစ်ဖြင့် ထည့်သွင်းယူဆောင်၍ စားသောက်တတ်ကြ သည်။ အပူကြောင့် ဓာတ်ပြောင်းလဲသည်ကို နားမလည်ကြ။ အထူးသတိပြုသင့်ပေသည်။


မျက်မှောက်ကာလတွင် လူတို့စားသုံးသည့် အစားအစာများ တွင် သန့်ရှင်းလတ်ဆတ်၍ ဓာတုဆေးဝါးကင်းစင်ရန်လိုအပ်သည်။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုတို့ မှာ လွန်စွာကောင်းမွန်သော်လည်း အန္တရာယ် ရှိ၊ မရှိ သတိထား ဆင်ခြင်ရန်လိုအပ်သည်။


ယနေ့ပြည်သူတို့ နေ့စဉ်စားသုံးနေသည့် စားကုန်သီးနှံနှင့် ဟင်းသီးဟင်းရွက်အားလုံးနီးပါးတွင် ဓာတုပိုးသတ်ဆေးမျိုးစုံကို စနစ်တကျသုံးစွဲသူများ ရှိသကဲ့သို့ စနစ်မမှန်သုံးစွဲသူများလည်း ရှိမည်ဖြစ်သည်။ 


ယခုအခါ မြန်မာနိုင်ငံတွင် ဓာတုကင်းလွတ်သော သီးနှံပင်များကို စိုက်ပျိုးလိုသည့်အဖွဲ့အစည်းများ၊ တောင်သူများ အား လိုအပ်သည့်နည်းပညာ၊ မျိုးစေ့နှင့် ယန္တရားများကို ကူညီ ဖြည့်ဆည်းခြင်းဖြင့် ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးလုပ်လိုသူများကို အားပေးလျက်ရှိသည်။


ပုံမှန်စိုက်ပျိုးသည့် နည်းစနစ်တွင် ခေတ်မီဓာတုဗေဒဆေးများ၊ ပိုးသတ်ဆေးများ အသုံးပြုကာ စိုက်ပျိုးခြင်းကြောင့် စားသုံးသူများ ရေစင်ကြယ်စွာ မဆေးကြောပါက ဓာတုဗေဒဆေးဝါးနှင့် ပိုးသတ်ဆေးများ၏ အန္တရာယ်ကိုခံစားရနိုင်သည်။ 


သဘာဝပိုးမွှားကာကွယ်ဆေးများသည် အခြားဓာတုဗေဒ ဆေးများကဲ့သို့ ဓာတ်ကြွင်းကြာမြင့်ချိန်နည်းပါးပြီး အပင်များ ရေလောင်းချိန်တွင် ပျက်ပြယ်သည့်အတွက် ဟင်းသီးဟင်းရွက်  စားသုံးသူများအနေဖြင့် ပိုးသတ်ဆေးအန္တရာယ်မှ ကင်းဝေးစေမည်  ဖြစ်သည်။ 


ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊  ညောင်နှစ်ပင်ခြံ ဓာတုကင်းလွတ်စိုက်ခင်းများမှ ဓာတုကင်းလွတ် ဟင်းသီး၊ ဟင်းရွက် ၁၅ မျိုးကို နေ့စဉ် ၁၂ တန်မှ ၁၅ တန်အထိ ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူများ အဆင်ပြေလျက် ရှိပေသည်။


သို့ဖြစ်ရာ ပြည်သူများအန္တရာယ်ကင်းသော အစားအစာများကို စားသုံးနိုင်ရေးအတွက် အစားအသောက်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် သဘာဝဩဂဲနစ် အစားအစာများကို ပိုမို ထုတ်လုပ်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ