နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာလုပ်ငန်းသုံးယာဉ် တောင်ဥက္ကလာပတွင် ဗုံးခွဲဖျက်ဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂


တည်ငြိမ်အေးချမ်းမှုကို လိုလားသော   ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိခိုက်စေရန်   ရည်ရွယ်၍ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများသည်  ဗုံးခွဲ ဖျက်ဆီးခြင်း၊ နိုင်ငံဝန်ထမ်းများ နှင့်ပြည်သူများကို သတ်ဖြတ် ခြင်းများ လုပ်ဆောင်နေကြရာ ယမန်နေ့ နံနက် ၄ နာရီ က တောင်ဥက္ကလာပမြို့နယ်၊ ၁၅  ရပ်ကွက်၊ ရတနာသိင်္ဂီ ဘုန်းကြီး ကျောင်းရှေ့၊ ကန်ပတ်လမ်းဘေး တွင်  ရပ်ထားသည့်  မြို့နယ် စည်ပင်၊   အင်ဂျင်နီယာဌာန (ရေစီးရေလာ  စီမံခန့်ခွဲမှု)လုပ်ငန်းသုံး၊ ပြင်ပမှ ငှားရမ်းထားသည့် အပြာရောင် SKARTTipper ယာဉ်5D/xxxxx ၏ ယာဉ်မောင်းခန်းကို  မသမာ သူများက   ဗုံးခွဲဖျက်ဆီးသွား သည်။


ပေါက်ကွဲမှုကြောင့် ယာဉ် မောင်းခန်း   မီးလောင်သဖြင့် စည်ပင်မြောင်းရှင်း လုပ်သားများ နှင့်  ရပ်ကွက်နေပြည်သူတို့က ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက် မှုမရှိသော်လည်း ယာဉ်ခေါင်းပိုင်း မီးလောင်ပျက်စီးသွားပြီး တန်ဖိုး ကျပ် ၄၅ သိန်းဖိုးခန့် ဆုံးရှုံး၍ ဖောက်ခွဲ  ဖျက်ဆီးသူများကို အမြန် ဖော်ထုတ်ဖမ်းဆီးရမိရေး ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ