နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံဖွံ့ဖြိုးမှုတည်ဆောက်

သူမိုက်နှင့်ပေါင်းဖက်၍ လှည့်လည်သောသူသည် ကာလရှည် မြင့်စွာစိုးရိမ်ရ၏။

လူမိုက်တို့နှင့်အတူနေရခြင်းသည် ရန်သူနှင့်အတူနေရသကဲ့ သို့၊ အခါခပ်သိမ်းဆင်းရဲရ၏။ 

ပညာရှိနှင့်အတူတကွနေရခြင်းသည်     ဆွေမျိုးတို့နှင့်အတူ တကွနေထိုင်ရသကဲ့သို့ ချမ်းသာ၏။


သုခဝဂ် (ဓမ္မပဒ-၂၀၇)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတို့      ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတို့တွင် စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ရှေးအစဉ်အဆက် နှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ၊ အတူတကွချစ်ကြည်ရင်းနှီးစွာနေထိုင်လျက် ရှိကြသည်။


နယ်ချဲ့ရန်၊ ဖက်ဆစ်ရန်တို့ကို တွန်းလှန်ဖယ်ရှားကာ၊ ဆုံးရှုံး သွားသည့်လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့ရာတွင်လည်း နိုင်ငံ တစ်ဝန်းရှိ    တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများ၏ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံကာ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပြီးမှ ဇွဲ၊ လုံ့လ၊ ဝီရိယအားဖြင့် ရယူခဲ့ရခြင်းဖြစ်သည်။ 


ထို့ပြင် လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သည့် အမှတ်တရ များစွာအနက် ပင်လုံမြေနှင့် ပင်လုံစိတ်ဓာတ်သည် အဓိကအခန်း က ပါဝင်နေသည်။


ထို့ကြောင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ သွေးစည်းညီညွတ်မှုကို အဓိကပြဆိုထားသော ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကို နှစ်စဉ်ပြည်ထောင်စုနေ့အဖြစ် အထွဋ် အမြတ်ထားသတ်မှတ်ကာ နိုင်ငံတော်က တခမ်းတနားကျင်းပ နေခြင်းဖြစ်သည်။


ယခုလည်း   မကြာမီရောက်ရှိလာတော့မည့်   ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၊ ၇၅ နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယအကြိမ် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁)" ဖွင့်ပွဲအခမ်းအနားကို   ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော်  တပ်ကုန်းမြို့ရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌    Virtual   စနစ်ဖြင့်ကျင်းပရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုပ်မြင်သံကြား Video Message  ပေးပို့၍ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါအဖွင့်အမှာစကားတွင်   " ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစေရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ်  ခိုင်မာလာစေရေးနှင့် ဒီမို ကရေစီနှင့်   ဖက်ဒရယ်စနစ်အခြေခံသည့်  ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် တိုင်းရင်းသားများ၏ မတူကွဲပြားမှုများကို အပြန် အလှန်အသိအမှတ်ပြုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေး" တို့တွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန် တိုက်တွန်းမှာကြားသွားသည်။


သို့ဖြစ်၍ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ကာ၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတွင်       တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုသည် အလွန်ပင်အရေးကြီးလှပါ ကြောင်း ။






အခြားဆက်စပ်သတင်းများ