နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်နေသူများ ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာ ယာ (အနောက်ပိုင်း) မြို့နယ်၊  ၁၉ ရပ်ကွက်နေ အေးကို(ဘ) ဦးစိန်အေးနှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်နေ မြတ်မင်းသူ(ခ)ကိုသူ(ဘ)ဦးမြင့်ကြိုင်တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ အောက်တိုဘာအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွ စွာပါဝင်လှုပ်ရှားခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ်သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ရာအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)အရ ဒီဇင်ဘာ ၁၀ ရက်တွင် ၎င်းတို့ နှစ်ဦးအား “ထောင်ဒဏ်တစ် သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက် သည်။


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာထိရောက် မြန်ဆန်စွာ အရေးယူဆောင်ရွက်လျက်ရှိ သည်။ 

     ဆွေဦး






အခြားဆက်စပ်သတင်းများ