နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတ္တမမြောက်ဖြစ်သည့် ပထမအဆင့်နောက်ဆုံးပွဲစဉ်၌ ဘုန်းမြင့်ကျော် ရှုံးပွဲကြုံ

ရန်ကုန်   ဇွန် ၁


မြန်မာ့လက်ရွေးစင်ပူးလ်ကစားသမား ဘုန်းမြင့်ကျော်(ခ) အားတီသည် အနိုင်အရှုံးအရေးမပါတော့သော နောက်ဆုံးပွဲစဉ်၌ ရှုံးပွဲနှင့်ကြုံသွားခဲ့ရသည်။


အားတီသည် Chinese 8 Ball ပြိုင်ပွဲတွင် ယင်း၏ခုနစ်ပွဲမြောက်ဖြစ်သည့် ပထမအဆင့်နောက်ဆုံးပွဲစဉ် ကို မေ ၃၁ ရက် ည ၇ နာရီ(မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ)က ချောင်ရန်မြို့၌ ကစားခဲ့ရာ ပြိုင်ဘက်ဖြစ်သူ Chu Bing Jie ကို ၂၁ ပွဲ-၁၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။


Chu Bing Jie သည် မေ ၃၀ ရက်ညက Liu Hai Tao ကို ၂၁ ပွဲ-၁၇ ပွဲဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ယခုပွဲကို အသေအချာအာရုံစူးစိုက်မှုအပြည့်ဖြင့် အမှားအယွင်းမရှိ ကစားနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ပွဲပြတ်အနိုင်ရရှိခဲ့ ခြင်းလည်းဖြစ်သည်။


အားတီသည် ပွဲအစပိုင်း၌ ၄-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပုံမှန်လက်ရည်ကောင်း ပြသနိုင်ခဲ့သည့် Chu Bing Jie က နောက်မှလိုက်ကာ ပထမပိုင်းတွင် ၁၂ ပွဲ-၈ ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း အမှားအယွင်းမရှိ ကစားနိုင်သည့်အတွက် ဆက်လက်ဦးဆောင်ကာ ပွဲအပြီးတွင် ၂၁ ပွဲ-၁၁ ပွဲဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။


အားတီသည် အစောပိုင်းအနိုင်ရရှိခဲ့သည့် ခြောက်ပွဲ၌ တွေ့ခဲ့ရသော လက်ရည်ကောင်းများ ပျောက်ဆုံးနေ ခဲ့ပြီး အမှားလည်းများခဲ့သည်။ သို့သော် အားတီသည် ယခုပွဲရှုံးနိမ့်သော်လည်း ဒုတိယအဆင့်ဆီမီးဖိုင်နယ်ပွဲစဉ် သို့ တက်ရောက်နိုင်ခဲ့ပြီး မည်သည့်အဆင့်ဖြင့် တက်ရောက်မည်ကို အခြားကစားသမားများ၏ လက်ကျန်ပွဲရလဒ်များကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။


ဒုတိယအဆင့်ဆီမီးဖိုင်နယ်ပွဲများကို အဆင့် ၁ ရရှိသူ နှင့် Play - Off ပွဲမှ တက်လာမည့်အဆင့် ၄ ရရှိသူတို့ ကစားရမည်ဖြစ်ပြီး အဆင့် ၂ ရရှိသူနှင့် အဆင့် ၃ ရရှိသူ တို့ တွေ့ဆုံကစားရမည်ဖြစ်သည်။ အားတီသည် ခုနစ်ပွဲတွင် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးထားသဖြင့် အဆင့် ၁ သို့မဟုတ် အဆင့် ၂ ဖြင့် ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်သည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ