နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PDF အဖွဲ့က ပြည်သူရှစ်ဦးကို တုတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁


စစ်ကိုင်းတိုင်းဒေသကြီး၊   ရွှေဘို မြို့နယ်၊ ကျားကျေးရွာ၌  PDF အမည်ခံ အကြမ်းဖက်များ၏  ကျေးရွာအတွင်း  ဒီဇင်ဘာ  ၉  ရက် ညနေ  ၅  နာရီ  ၁၅  မိနစ် ခန့်တွင်  ကျေးရွာအတွင်း  ဝင်ရောက်ကာ အရပ်သားကို  သတ်ဖြတ် ထားသော သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်း အဖွဲ့က အခင်းနေရာသို့ သွားရောက်ရာ တွင်  ရွှေဘိုမြို့နယ်၊  ကျားကျေးရွာ နေ  ဦးမြင့်  ၆၇ နှစ် (ဘ) ဦးဟိန်းပါ ကျေးရွာသား ၈ ဦးတို့သည် ၎င်းတို့ ၏ နေအိမ်များ၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့အင်အား ၃၀ ဦးခန့်သည်  မျက်နှာဖုံးများတပ်ဆင် ကာ သေနတ်၊ တုတ်၊  ဓားများ ကိုင်ဆောင် ရောက်ရှိလာပြီး ဦးမြင့်ပါ ၈ ဦးတို့ကို   လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး   “သူလျို၊ ဒလန်၊ သတင်းပေး”များဟု  စွပ်စွဲကာ ရက်စက်စွာ ဝိုင်းဝန်း ထိုးခုတ်၊သတ်ဖြတ် ခြင်းဖြစ်သည်။


ဖြစ်စဉ်တွင် ကျားကျေးရွာနေသူ များဖြစ်သည့် ဦးမြင့် ၆၇ နှစ် (ဘ) ဦးဟိန်း၊ မောင်အောင်ခိုင် ၂၇ နှစ် (ဘ) ဦးမြင့်၊ မောင်ကျော်ထက်အောင် ၁၆ နှစ် (ဘ)ဦးမြင့်၊ မောင်အောင်မျိုးနိုင် ၂၇ နှစ် (ဘ)ဦးလှရှိန်၊ မောင်ဇင်မင်းထက် ၁၇ နှစ် (ဘ)ဦးသန်းဇော်၊ မောင်မျိုးမြင့် ၂၀ နှစ် (ဘ)ဦးနိုင်ဝင်း၊ မောင်ဇော်ထက် အောင် ၁၉ နှစ် (ဘ)ဦးတင်သိန်းနှင့် မောင်ပြည့်ဖြိုးသူ  ၁၇ နှစ် (ဘ) ဦးမြတ် မင်းတို့ ၈ ဦးတို့၏ ခန္ဓာကိုယ်အနှံ့အပြား တွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်။               

 ဆွေဦး






အခြားဆက်စပ်သတင်းများ