နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည့် စစ်သည်ကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၁၁


ရှမ်းပြည်နယ်  (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်  ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို စစ်သည်တစ်ဦးက အလိုမတူဘဲ   အဓမ္မပြုကျင့်ခဲ့သဖြင့် တရားဥပဒေအတိုင်း အရေးယူပေးစေ လိုကြောင်း ဒေသခံအချို့က သက်ဆိုင် ရာသို့ တိုင်ကြားခဲ့ပြီး ကနဦးဖော်ထုတ် စစ်ဆေးချက်များအရ ကွတ်ခိုင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်သားအဆင့်ရှိ မင်းမင်းစိုးမှာ အမှန် တကယ်ပြစ်မှုကျူးလွန်ကြောင်း ဖော် ထုတ်သိရှိရသဖြင့် အများပြည်သူရှေ့ မှောက်တွင်  တရားစီရင်မှု  (Open Court) စစ်တရားရုံးဖြင့် အမြန်ဆုံးစစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း   သတင်း ထုတ်ပြန်ခဲ့သည်။


စစ်မေးခြင်းများ ပြုလုပ်


အဆိုပါ  ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်ဆေးရန်အတွက် တပ်မတော် အက် ဥပဒေ၊ တပ်မတော် နည်းဥပဒေများ နှင့်အညီ ဖွဲ့စည်းခဲ့သည့် စစ်တရား ရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဒီဇင်ဘာ ၉ ရက် တွင် ကွတ်ခိုင်မြို့နယ်ရှိ နယ်မြေခံတပ် ၌ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင် စစ်ဆေးခြင်းကို  စစ်ဆေးဆောင်ရွက် ခဲ့ပြီး ယမန်နေ့တွင်လည်း  ရုံးထိုင်စစ်ဆေး ခြင်း    ဆက်လက်ပြုလုပ်၍ တပ်မတော် သားတရားလိုဘက်   သက်သေများနှင့်   အရပ်သား တရားလိုဘက်သက်သေများ ကို စစ်မေးခြင်းများ ပြုလုပ်သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ စစ်သည်အား ပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော နယ်ဘက် အကျဉ်းထောင်တွင်   ထောင်ဒဏ်နှစ် ၂၀ နှင့် ဖြစ်စဉ်အတွက်  တာဝန်ရှိသော အရာရှိကြီးတစ်ဦးအပါအဝင် အရာရှိ၊ စစ်သည်များအား တပ်မတော်မှ ပြဌာန်း ထားသည့် ဥပဒေများနှင့်အညီ ပြစ်ဒဏ် များကို ချမှတ်ခဲ့သည်။


ပွင်းလင်းမြင်သာစွာစစ်ဆေးဆောင်ရွက်ခဲ့


အဆိုပါဖြစ်စဉ်အား စစ်တရားရုံးဖြင့် စတင်စစ်ဆေးခဲ့သည့် အချိန်မှစ၍ယမန် နေ့အထိ နယ်ဘက်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာမှ ရပ်မိ၊ ရပ်ဖများ၊ တရားလိုဘက် ဆွေမျိုးများ၊ ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီး အဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့များကို  ဖိတ်ကြား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။


တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေနိုင်သော ပြည်သူ နှင့်တပ်မတော်အကြား ယုံကြည်မှုပျက် ပြားစေနိုင်သော ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေနိုင်သော   ကိစ္စရပ်များကို ကျူးလွန်ပါက တပ်မတော်အနေဖြင့် ထိ ရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။        

သတင်းစဉ်






အခြားဆက်စပ်သတင်းများ