နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့အခွင့်အရေး၊ လူသားတိုင်းအလေးထားရန်လိုအပ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်သည် ၇၃ နှစ်မြောက်  အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည်။

နိုင်ငံအသီးသီးတွင်    တရားမျှတခြင်း၊   လွတ်လပ်ခြင်းနှင့် တန်းတူညီမှုခြင်းဟူသည့်    အခြေခံစဉ်းစားချက်များနှင့်အတူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရန်၊ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးက၊ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် "ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း"ကို ထုတ်ပြန်ခဲ့သည်။


ထို့နောက် နောင်လာနောက်သားမျိုးဆက်များ၊ အမှတ်တရ ရှိစေရန်နှင့် ယင်းကြေညာစာတမ်းပါ၊ အခြေခံလူ့အခွင့်အရေးများ ကို  တန်ဖိုးထားစေလိုသည့်  ရည်ရွယ်ချက်ဖြင့် အဆိုပါနေ့ကို      အပြည်ပြည်ဆိုင်ရာ  လူ့အခွင့်အရေးနေ့အဖြစ်  သတ်မှတ်ကာ၊ နိုင်ငံအသီးသီးတွင်   နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက် ရောက်တိုင်း အခမ်းအနားများကျင်းပလာခဲ့ကြရာ၊ ယခု ၂၀၂၁ ခုနှစ်တွင် ၇၃ နှစ်မြောက်ရောက်ရှိခဲ့ပြီဖြစ်သည်။


ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေရသည်မှာ လူတို့၏ လောဘ၊ ဒေါသ၊ မောဟနှင့် မာနတရားတို့ကြောင့် မလိုလားအပ် သည့်စစ်ပွဲများနှင့် ၎င်း၏နောက်ဆက်တွဲ အနိဌာရုံများပေါ်ပေါက် နေရခြင်းဖြစ်သည်။


ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲအကျိုးဆက် များနှင့် လူသားအချင်းချင်း အမျိုးမျိုးသော ခြိမ်းခြောက်ဖိအားပေး မှုများကလည်း၊ လူသားတို့၏ပျော်ရွှင်စွာနေထိုင်မှုနှင့် လွတ်လပ် မှုကို ခြိမ်းခြောက်ဖိအားပေးလျက်ရှိနေသည်။


ယနေ့ကြုံတွေ့နေရသည့် အခြေအနေ မျိုးပေါ်ပေါက်လာနိုင် ကြောင်း ရှေးယခင် နှစ် ၇၀ ကျော်ကတည်းက အမြော်အမြင်ရှိရှိ တွက်ဆမိသော ဘိုးဘွားဘီဘင်မျိုးဆက်များက၊ လူသားတို့၏ အခွင့်အရေးများမဆုံးရှုံးစေရန် ကမ္ဘာ့ကုလသမဂ္ဂတွင် အကြေ အလည်ဆွေးနွေးကာ "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့" အဖြစ် တိတိကျကျဆုံးဖြတ်သတ်မှတ်ပေးနိုင်ခဲ့ခြင်းကိုလည်း ကျေးဇူးတင်ဖွယ်ရာဖြစ်သည်။


အကယ်စင်စစ်မူ "လူ့အခွင့်အရေး" ဆိုသည်မှာ ကမ္ဘာဦးအစ လူသားပေါ်လာကတည်းက မွေးရာပါအဖြစ်ရှိနေခဲ့ပြီးဖြစ်သည်။


လူ့အခွင့်အရေးဟုဆိုလိုက်သည်နှင့်    လူသားအချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာတရား ထားရှိမှု၊ အပြန်အလှန်မေတ္တာထားမှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊ စိတ်ကောင်းစေတနာကောင်းဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ဆက်ဆံမှုစသည့်အနှစ်သာရများပါနေပြီးဖြစ်သည်။ 


ထို့ကြောင့်  ယခုနောက်ပိုင်းတွင်  လူ့အခွင့်အရေးဟူသည် လူ့ဘောင်တစ်ရပ်လုံးနှင့် အကျုံးဝင်ကာ၊ လူသားအားလုံးခံစားခွင့် ရှိပြီး၊ တောင်းဆိုယူစရာမလိုသည့် အခြေခံရပိုင်ခွင့်များဖြစ်သည် ကို နားလည်သဘောပေါက်လာကြသည်။


ကမ္ဘာကြီးတွင် နေ့စဉ်လူဦးရေတိုးပွားလျက်ရှိပြီး၊ တိုးပွားလာ သည့် လူသားတိုင်းအတွက်လည်း လူ့အခွင့်အရေးခံစားခွင့်ရရှိရေး သည် တစ်ပါတည်းပါရှိလာ၍၊ လွန်ခဲ့သည့် ၇၃ နှစ်ခန့်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက  ခိုင်မာစွာပြဌာန်းပေးထားပြီးဖြစ် သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ အပြည့်အဝခံစားနိုင်ကြရေးကို ကမ္ဘာ့လူသားတိုင်းက အလေးထား ကြရန် လိုအပ်လှပါကြောင်း ။






အခြားဆက်စပ်သတင်းများ