နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူ မြို့နယ်၊  ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တရားမဝင် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်း ထားကြောင်း သတင်းအရ ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် သွားရောက်သိမ်းဆည်း သည်။


အဆိုပါကျောင်းတိုက်ရှိ ဉူးအာစာရ (ဝါတော် လေးဝါ) (ခ) ဦးညီနိုင် ၃၉ နှစ်(ဘ) ဦးနတ်ပေါ်၏  ထွက်ဆိုချက်အရ ဆွမ်းစားဆောင် အနောက်ဘက်တွင် မြေကြီးအတွင်း မြုပ်နှံထားသော KA သေနတ် ၂၀ လက်၊ ၎င်းကျည်အိမ် ၆၀ ခု၊ ၎င်းကျည် ၇၀၀၀ တောင့်၊ လက်ပစ်ဗုံး ၉၇ လုံး၊ အီနာဂါ ၅၄ လုံး၊ လျှပ်စစ်စနစ်တံ ၃၀၀ ချောင်း၊ ယမ်းမှုန့် ၁၅ ပိဿာခန့်၊ သေနတ်လွယ်ကြိုးနှင့် အီကွေးမန့် ၂၀ ခုစီတို့အား သိမ်းဆည်းရမိသည်။ဆွေဦး






အခြားဆက်စပ်သတင်းများ