နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်မှ ကိုယ့်အကျိုးအောင်မည်

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ် ပင်ဖြစ်သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများ အကျိုးဆောင်ရွက်ခြင်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများ အကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည်   မွန်မြတ်သော ပရဟိတ အလုပ်ဖြစ်သည်။


လူသည်တစ်ခါတစ်ရံမထင်မှတ်ဘဲ အကျပ်အတည်းအမျိုးမျိုး နှင့်  ရင်ဆိုင်ကြုံတွေ့ရတတ်သည်။     ဘေးဒုက္ခများနှင့်လည်း ကြုံတွေ့တတ်သည်။ ထိုအခါ အများ၏အကူအညီတစ်စုံတစ်ခု လိုအပ်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ တစ်သင်း တစ်ဖွဲ့ဖြစ်စေ၊    ဒေသတစ်ခုတွင်ဖြစ်စေ    ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရာ          အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်း  စိတ်မြတ်ပရဟိတစိတ်ဓာတ်ဖြင့်   ဝိုင်းဝန်းကူညီ ပေးကြရသည်။


ထို့ကြောင့် ပရဟိတစိတ်ဓာတ်ကို လူတိုင်းမွေးမြူထားရှိရန် လိုအပ်သည်။  ပရဟိတလုပ်ငန်းများကို  လူတစ်ဦးကအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ် လာသည်။


ပရဟိတလုပ်ငန်းဖြင့် လူမှုဒုက္ခတို့ကို ဖြေဖျောက်ပေးနိုင်သည်။ လူ့ဘဝတွင် ဖြစ်ပြန်ပျက်ပြန်လောကဓံဆိုသည့်အတိုင်း နိမ့်တစ်ခါ၊ မြင့်တစ်လှည့်ရှိတတ်ပါသည်။ လူ့ဘဝသည် အမြဲတမ်းနိမ့်ကျမနေ နိုင်သလို အမြဲတမ်းလည်း  အထက်တန်းကျကျ မျက်နှာပန်းလှ မရှိနိုင်ပေ။ အဆင်းရှိသလို အတက်လည်းရှိနိုင်သည်။


ထိုအခါ ဘေးဒုက္ခကြုံတွေနေသည့် လူမှုရေး၊ ကျန်းမာရေးများ ကို စောင့်ရှောက်ပေးကြရန် လိုအပ်သည်သာမက အခြားသော ကိစ္စရပ်များတွင်လည်း   လူမှုရေးစိတ်ဓာတ်အပြည့်ဖြင့်  ကူညီ ဆောင်ရွက်ကြရန် လိုအပ်ပေသည်။


သို့ပါ၍ နိုင်ငံသားတိုင်းသည် ''အများအကျိုးဆောင်၊ ကိုယ့် အကျိုးအောင်''ဆိုသည့်စကားအတိုင်း လူမှုအသိုက်အဝန်းအတွင်း သာမှု၊ နာမှု ကိစ္စအဝဝနှင့်  လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ တက်ကြွစွာပါဝင်လုပ်ကိုင်နိုင်ရေးစိတ်ဓာတ်မွေးမြူကာ  အများ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် ထိုနိုင်ငံတွင် မင်္ဂလာရှိသောမြင်ကွင်းများ နေ့စဉ်တွေ့မြင်ကြားသိကာ မုဒိတာ ပွားနိုင်ကြမည်ဖြစ်ပေမည်။






အခြားဆက်စပ်သတင်းများ