နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရန်ဆန် တန်ချိန် ၁၃၀၀၀ ဝယ်ယူထား

ရန်ကုန်   ဇွန်  ၁


Covid-19 ကပ်ရောဂါကြောင့် ရိက္ခာအခက်အခဲဖြစ်လာပါကဖြေရှင်းရန် အရန်ဆန်တန်ချိန် ငါးသောင်း ဝယ်ယူရန်လျာထားသည့်အနက် တန်ချိန် တစ်သောင်းသုံးထောင်ကို ဝယ်ယူထားပြီးဖြစ်ကြောင်း စီးပွားရေး  နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


"COVID-19  ကပ်ရောဂါကြောင့် အစိုးရက လွှဲပြောင်းသုံးငွေ ကျပ်ဘီလျံ ၁၇၀ဝ ထဲက ကျပ် ၃၈ ဘီလျံကို ဆန်တန်ချိန် ငါးသောင်းနဲ့ ဆီတန်ချိန် တစ်သောင်းနှစ်ထောင် ဝယ်ယူဖို့စီစဉ်နေတာပါ။ အဲဒီလိုဝယ်ယူရာမှာ ဆန်တန်ချိန် တစ်သောင်းသုံးထောင်ကို ဈေးကွက်မထိခိုက်စေဖို့ ဖြည်းဖြည်းချင်းဝယ်ယူနေတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ပြည်ပတင်ပို့မည့် ဆန်လုပ်ငန်းရှင်များထံမှ တင်ပို့မည့်ပမာဏ၏ ​ဆယ်ရာခိုင်နှုန်းကို အရန်ဆန်အဖြစ် ဝယ်ယူမည်ဖြစ်ပြီး စားသုံးဆီတန်ချိန် တစ်သောင်းနှစ်ထောင်ကို တင်သွင်းသည့်လုပ်ငန်းရှင်များနှင့်ညှိနှိုင်း ပြီးဝယ်ယူသိုလှောင်ကာ ပြည်နယ်နဲ့တိုင်းဒေသကြီးများကို ဖြန့်ဝေဖို့စီစဉ်နေကြောင်း သိရသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝနိကြီးဌာန၏စာရင်းများအရ ပြည်တွင်းစားသုံးမှုပမာဏမှာ တစ်လလျှင် ဆန်တန်ချိန်ခြောက်သိန်း၊ ဆီတန်ချိန် ခြောက်သောင်းခန့်ရှိပြီး ယင်းကြောင့် အရန်ရိက္ခာအဖြစ် ထားရှိမည့် ပြည်တွင်းဆန်ထုတ်ကုန်ဆန်မှာ တစ်လတာစားသုံးမှုပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိကာ ပြည်ပ သွင်းကုန်ဖြစ်သော စားအုန်းဆီမှာမူ ပုံမှန်စားသုံးမှုနှင့်နှိုင်းယှဉ်လျှင် နှစ်လစာနီးပါးရှိကြောင်း သိရသည်။

 

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ