နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်

ရန်ကုန် ဒီဇင်ဘာ ၇


၃၁ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို လာမည့် ၂၀၂၂ ခုနှစ် မေလလယ်တွင် ဗီယက် နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ သွားမည်ဖြစ်သည်။ 


ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အောင်နိုင်ရေးအတွက် အားကစားနည်း ၁၈  နည်းကို နေပြည် တော်၊ ရန်ကုန်မြို့ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ တွင် လေ့ကျင့်လျက်ရှိရာ  နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ ရန်ကုန် မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် အောင် ဆန်းအားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန် မြို့တော်စည်ပင် အားကစားဝင်း အတွင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ်နှင့် အင်းလျားကန်ရှိ မြန်မာ နိုင်ငံလှေလှော်အဖွဲ့ချုပ်တို့သို့  အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ယမန်နေ့က သွားရောက်ကာစခန်း သွင်းလေ့ကျင့်လျက်ရှိသော ပစ္စတို အားကစားနည်းနှင့်  ရိုင်ဖယ် အားကစားနည်းများနှင့်   ဘိလိယက် အားကစားသမား သုံးဦး၊ စနူကာ  အားကစားသမားနှစ်ဦး  အုပ်ချုပ်သူ တစ်ဦး  Pool အားကစားသမား တစ်ဦး၊ နည်းပြတစ်ဦးဖြင့် စခန်း သွင်းလေ့ကျင့်နေမှုများ  ကြည့်ရှု အားပေးကာအားကစား သမားများ အိပ်ဆောင် နှင့် ကျွေးမွေးမှုပုံစံတို့ ကြည့်ရှု စစ်ဆေးပြီး နောက်  ပြိုင်ပွဲကာလ  နီးကပ်လာသည့်အတွက် အားကစား သမားများ၏ စံချိန်တိုးတက်မှု သိရှိ နိုင်ရန်နှင့် ပြိုင်ပွဲအတွေ့အကြုံ များရရှိစေရန်အတွက်  လက်ရည် စစ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အချိန်မီ ထိုးနှံရေးကိစ္စရပ်များ ဆွေးနွေးကြသည်။


 အဆိုပါ ပြိုင်ပွဲအတွက် ဘိလိယက် အားကစားနည်းတွင် တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ စနူကာ အားကစားနည်းတွင် တစ်ဦးချင်းပြိုင်ပွဲ၊ 15 Red ထိုးပြိုင်ပွဲ၊  6 Red ထိုးပြိုင်ပွဲ၊  Pool အားကစားနည်းတွင် 9 Ball ပြိုင်ပွဲ၊ 10 Ball ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


လာမည့် ၂၀၂၃ ခုနှစ်တွင်  ကမ္ဘော ဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၏ ပံ့ပိုးမှုဖြင့် စခန်းသွင်းလေ့ကျင့်လျက် ရှိသော အားကစားသမားများနှင့် တွေ့ ဆုံပြီး လိုအပ်သည်များမှာကြားကာ Track suit ၁၂ စုံ၊ တီရှပ် ၂၄ ထည်၊ Sport Shirt ၂၄ ထည်၊ Walking Shoes ၁၂ ရံနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်မှ လေး၊ မြားနှင့် ဆက်စပ်ပစ္စည်း များပေးအပ်ရာ နည်းပြ/အုပ်ချုပ်မှု အဖွဲ့ သုံးဦး၊ ကစားသမား ကိုး ဦး တို့မှ လက်ခံရယူကြသည်။ 


ယင်း အားကစားသမားများကို အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး နှင့် စားသောက်ရေးကိစ္စများကို အားကစား နှင့်ကာယပညာ သိပ္ပံမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေး ကြောင်း သိရသည်။                    

 WP






အခြားဆက်စပ်သတင်းများ