နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

ဒက္ခိဏသီရိ ဒီဇင်ဘာလ ၇ 


ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ဒက္ခိဏသီရိမြို့နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၁-၂၀၂၂ (၆) လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျွန်းတက်ပဲ့ကျေးရွာ အုပ်စု ၊ ညောင်ကုန်းကျေးရွာ   ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ယမန် နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများသည် ခေတ်ဥယျာဉ် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေ သော ညောင်ကုန်းကျေးရွာကျေး လက်ကုန် ထုတ်လမ်း ၂ မိုင် ၀ ဒသမ ၂၁၂ ဖာလုံဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ် ချုပ်ရေးမှူး၊ ကျေးရွာလမ်းကော်မတီ ဝင်များနှင့် တွေ့ဆုံပြီးလိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။


အဆိုပါ ညောင်ကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်ပြီးစီးပါက ကုန်ထုတ် လမ်းဘေး ဝဲ/ယာရှိ အကျိုးပြု တောင် သူ ၂၃၃ ဦး၏အကျိုးပြုစိုက်ပျိုးဧက ၇၃၂ ဒသမ ၁၅ ဧက  ထွက်ရှိသောလယ် ယာထွက်ကုန်စိုက်ပျိုးသီးနှံများ စျေး ကွက်သို့ ကုန်ကျစရိတ်သက်သာစွာ ဖြင့် လွယ်ကူလျင်မြန်စွာသယ်ယူပို့ ဆောင်နိုင်မည်ဖြစ်သည်။           မောင်ခိုင်






အခြားဆက်စပ်သတင်းများ