နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

မချမ်းဘော့ ဒီဇင်ဘာ ၇


ကချင်ပြည်နယ် မချမ်းဘော့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက် နေ လူငယ်များအတွက် အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အ‌ခြေခံကွန်ကရစ်ပုံလောင်းသင်တန်း ကို အဆိုပါဦးစီးဌာန ရုံးအစည်း အဝေးခန်းမ၌ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သည်။


သင်တန်းတွင် ကွန်ကရစ်ပုံလောင်း ခြင်းနှင့်စပ်လျဉ်း၍ ပြုလုပ်နည်း ဆိုင်ရာနည်းစနစ်များကို သင်တန်း နည်းပြနှစ်ဦးက စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးလျက် ရှိပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှသင်တန်းသား ၁၀ ဦး တက်ရောက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တနိုင် အသေးစား စီးပွားရေး လုပ်ငန်းများ ထူထောင်ခြင်း၊ မိသားစု ဝင်ငွေတိုးပွားလာစေရန်အတွက် လူမှု စီးပွားဘဝအဆင့်အတန်း မြင့်မားလာ စေရန်၊ ရည်ရွယ်၍ကျေးလက်အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ရာ ယခုမီနီဘတ်ဂျက်တွင် မချမ်းဘော့ မြို့နယ်အတွင်း သင်တန်းတစ်ကြိမ်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု သိရ သည်။

မင်းမြင့်မိုရ်(ကျေးလက်)






အခြားဆက်စပ်သတင်းများ