နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဘိမ်းမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

မဘိမ်း  ဒီဇင်ဘာ  ၇

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အခြေခံကွန်ပျူတာ သင်တန်းကို ဒီဇင်ဘာ ၁ ရက်မှစ၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ 


အဆိုပါ သင်တန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနကခွင့်ပြုငွေကျပ် ၃ သန်းဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ် အတွင်းရှိ ကျေးရွာများက  သင်တန်းသား/သူ ၂၄ ဦး တက်ရောက် ကာ ၃၀ ရက်ကြာ စာတွေ့၊  လက်တွေ့ အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်သည်။

ဟေမာမြင့် (ကျေးလက်)






အခြားဆက်စပ်သတင်းများ