နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ ဒုံးကာကွယ်ရေးလွှဲပြောင်းမှု ပါဝင်မည်

နယူးဒေလီ   ဒီဇင်ဘာ  ၇


ရုရှား-အိန္ဒိယ ထိပ်သီးအစည်း အဝေးတွင် ရုရှားမှ အိန္ဒိယကိုလေကြောင်း ကာကွယ်ရေးဒုံးစနစ် လွှဲပြောင်းပေးရန် ကိစ္စရပ်ကို ပါဝင်ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်။ အိန္ဒိယသည် ရုရှားထံမှ S-400 လေကြောင်း ကာကွယ်ရေးဒုံးစနစ်များ ဝယ်ယူရန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံဖိုး ရုရှားနှင့် သဘောတူထားပြီး တစ်ချိန်တည်း မှာပင် အိန္ဒိယသည် အမေရိကန် ပြည်ထောင်စုနှင့် မဟာဗျူဟာကျကျ ဆက်ဆံရေးကို နီးနီးကပ်ကပ်လုပ် ဆောင်နေသည်။  


အမေရိကန်ကမူ ရုရှားထံမှ ယခုလို လေကြောင်းကာကွယ်ရေး စနစ်များ ဝယ်ယူမည်ဆိုပါက ၂၀၁၇ အမေရိကန် ဥပဒေအရ အိန္ဒိယအနေနှင့် အမေရိကန်၏ အရေးယူဒဏ်ခတ်မှု ခံရနိုင်ကြောင်း အမေရိကန်ဘက်က အိန္ဒိယကို သတိပေးထားသည်။ 


သို့ရာတွင် အိန္ဒိယဘက်ကမူ နိုင်ငံတော်လုံခြုံရေး လိုအပ်ချက်အရ ဖြစ်ကြောင်း ကာကွယ်ပြောဆိုထားပြီး လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင် တုံ့ပြန်နိုင်ရန် အိန္ဒိယအစိုးရအနေဖြင့် အချုပ်အခြာအာဏာပိုင် ဆုံးဖြတ်ခွင့်ရှိ ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Ajay Bhatt က ယခုလအစောပိုင်းတွင် အိန္ဒိယပါလီမန်ကို ပြောကြားထား သည်။


အိန္ဒိယဘက်အနေဖြင့် နှစ်နိုင်ငံ မဟာဗျူဟာဆက်ဆံရေးကို ကြည့်ပြီး အမေရိကန်သမ္မတဘက်က ဥပဒေ ကင်းလွတ်ခွင့်ပေးမှု ရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီး Ajay Bhatt က ပြောသည်။

မျိုးဝင်း (ref:AP)






အခြားဆက်စပ်သတင်းများ