နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမန်အစိုးရသစ် ဥရောပဘုံသဘောတူချက် တရုတ်ကို ဆန့်ကျင်လာ၍ စိုးရိမ်

ပေကျင်း   ဒီဇင်ဘာ  ၇


တရုတ်နိုင်ငံသည် ဥရောပတွင် အကောင်းဆုံးမိတ်ဆွေဖြစ်သော ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာမာကယ်ကို ဆုံးရှုံးခဲ့ပြီးနောက် ယင်း၏နေရာတွင် အစားထိုးမည့် အစိုးရသစ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း ပြောကြားလိုက်သည်။  


မာကယ်သည် ဂျာမန်ဝန်ကြီးချုပ် အဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင် ပြီးနောက် ဒီဇင်ဘာလ ၂ ရက်နေ့က ရာထူးမှ တရားဝင်နုတ်ထွက်ခဲ့ပြီး ယင်းနေရာကို အစားထိုးခဲ့သူမှာ ဆိုရှယ်ဒီမိုကရက်ပါတီ ဦးဆောင်သူ အိုလက်ရှု့ဇ်ဖြစ်သည်။ 


ဂျာမန်အစိုးရသစ်သည် ဥရောပ တွင် ဘုံသဘောတူညီချက်ယူရေးကို လုပ်ဆောင်နေပြီး ပေကျင်း၏ နိုင်ငံခြား ရေးမူဝါဒဖြစ်သော  သတင်းတုလှုပ်ရှား မှုများကြောင့် ဥရောပပြည်သူလူထုနှင့် နိုင်ငံရေးအမြင်များသည် တရုတ်ကို ဆန့်ကျင်လာကြောင်း တရုတ်ဘက်က ဆိုသည်။ 


ဟောင်ကောင်၊ ရှင်ကျန့်နှင့် ထိုင်ဝမ် ရေလက်ကြားတွင် တရုတ်လုပ်ဆောင် နေသည်များနှင့် အတိုက်အခံများ၊ ဘာသာရေးအုပ်စုများကို ဆက်ဆံပုံ စသည်တို့ကြောင့် တရုတ်၏ ရှင်းလင်း တင်ပြချက်များကို ဥရောပသားများက မယုံကြည်ကြသော်လည်း တရုတ်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဂျာမနီ၏ ကြီးမားသောစီးပွားရေး အကျိုးစီးပွားများက ဥရောပထက် များစွာသာလွန်သည်ဟု ပေကျင်းက ယုံကြည်လျက်ရှိသည်။ 


၂၀၂၀ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ထိုးခဲ့သော ဥရောပသမဂ္ဂ-တရုတ် ကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံ မှုစာချုပ်အတွက် ညှိနှိုင်းရာတွင် ဂျာမနီက ဦးဆောင်အခန်းမှ ပါဝင်ခဲ့ သော်လည်း ပေကျင်းက အဖွဲ့ဝင်အချို့ ကို အရေးယူပိတ်ဆို့ထားသောကြောင့် ဥရောပ ပါလီမန်က ထိုစာချုပ်ကို အတည်ပြုခြင်းမရှိခဲ့ကြောင်း သိရ သည်။                        (Ref: AFP)






အခြားဆက်စပ်သတင်းများ