နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အတည်ပြုပေးရန် သမ္မတပူတင် မျှော်လင့်

မော်စကို   ဒီဇင်ဘာ  ၇


ရုရှားထုတ်ကာကွယ်ဆေးSputnik V ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေ ဖြင့် အမြန်ဆုံးအတည်ပြုပေးနိုင်ရန် မျှော်လင့်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။ 


ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သော နိုင်ငံတကာ ကြက်ခြေနီအသင်းနှင့် နိုင်ငံတကာ လခြမ်းနီအဖွဲ့အစည်းများ ၏ဥက္ကဋ္ဌဖြစ်သည့် ဖရန်ဆစ်စကိုရိုကာ နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ရုရှား ကာကွယ်ဆေး အတည်ပြုရေးဟာ နိုင်ငံတကာတွင် လိုအပ်နေသော ကာကွယ်ဆေးဖြန့်ဝေရာတွင် အရေးပါ ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ ခြင်းဖြစ်သည်။ 


ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အနေဖြင့် ရုရှားထုတ်ကာကွယ်ဆေး အတည်ပြုနိုင်ရေးအတွက် တံခါးဖွင့် ပေးထားသင့်ပြီး Sputnik V ကာကွယ် ဆေးထိုးပြီးသူများကို ပိုမိုလွတ်လပ်စွာ သွားလာနိုင်ရန် ဆောင်ရွက်ပေးသင့် ကြောင်းလည်း ပြောသည်။  


Sputnik V ကာကွယ်ဆေးကို ထုတ်လုပ်သည့် Gamalaya Institute ကမူ ၎င်းတို့၏ ကာကွယ်ဆေးသည် နောက်ဆုံးတွေ့ရှိထားသော အိုမီခရွန် မျိုးကွဲအတွက်လည်း ထိရောက်မှု ရှိမည်ဟုပြောသော်လည်း အိုမီခရွန် အတွက် ကာကွယ်ဆေးအသစ်ကိုထပ်မံ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ 


ရုရှားနိုင်ငံသည် ကမ္ဘာတွင် ကာကွယ်ဆေးကို ပထမဆုံးအတည်ပြု သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး Sputnik V ကို ၂၀၂၀ ဩဂုတ်လတွင် စတင် အသုံးပြုခဲ့သော်လည်း ရုရှားတာဝန်ရှိ သူများအကြား သဘောမတူညီမှုများ ရှိခဲ့ခြင်းကြောင့် ကာကွယ်ဆေးတိုးတက် မှုများ နှောင့်နှေးခဲ့ရသည်။ လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်အနေဖြင့် ရုရှားထုတ်ကာကွယ်ဆေး Sputnik V ကို ပြန်လည်ဆန်းစစ်နေကြောင်း အကြောင်းပြန်ထားသည်။    (ref:BBC)






အခြားဆက်စပ်သတင်းများ