နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေဆီလွှာညစ်ညမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်မြေများ ပျက်စီးဆုံးရှုံး

ဒါကာ    ဒီဇင်ဘာ  ၇


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေဆီလွှာမှာ လေးလံ သတ္တုများနှင့် ညစ်ညမ်းစေသောအရာများကြောင့် လိုအပ်သောအာဟာရဓါတ်များ ချို့တဲ့လာပြီး နိုင်ငံသားများ၏ ဘဝ၊ စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို တိုက်ရိုက်သက်ရောက်နေကြောင်း ဘင်္ဂလားဒေ့ရှ် အဏုမြူစွမ်းအင်အေဂျင်စီနှင့် တက္ကသိုလ်တို့က ထုတ်ပြန်ကြေညာလိုက်သည်။ 


မြေဆီလွှာကျန်းမာရေး တစစယိုယွင်းလာ ခြင်း၏ အဓိကအကြောင်းရင်းမှာ ဓါတုမြေသြဇာ များ အလွန်အကျွံသုံးခြင်းကြောင့် မြေဆား ပေါက်ခြင်း၊ မြေများကို အုတ်ဖိုများတွင် အသုံးပြု ခြင်း၊ စက်မှုလုပ်ငန်းများကြောင့် ညစ်ညမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရေနံမှထွက်သော ခဲများ ကြောင့် လေထုညစ်ညမ်းခြင်းနှင့် လျှပ်စစ်နှင့် ဆေးဝါးစွန့်ပစ်ပစ္စည်းများကို မြေကြီးတွင်စွန့်ပစ် ခြင်းကြောင့်ဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြ ထားသည်။  


မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်း ၅ရာခိုင်နှုန်း ပါဝင်ခြင်းသည် အကောင်းဆုံးဖြစ်ပြီး အနိမ့်ဆုံး ပါဝင်သည့် ပမာဏမှာ ၂ ရာခိုင်နှုန်းဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်မြေတွင် အော်ဂဲနစ်ပစ္စည်းပါဝင်မှုမှာ ၂ ရာခိုင်နှုန်းအောက်ရောက်နေကြောင်း စစ်တမ်း များအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာတွင် အညစ်ညမ်းဆုံးနိုင်ငံများတွင် ပါဝင်နေပြီး မြို့တော် ဒါကာရှိ မြစ်များအားလုံးသည် ညစ်ညမ်း လွန်းသောကြောင့် ထိုရေကို ပြန်လည်သန့်စင် ခြင်းပင်မလုပ်နိုင်တော့ကြောင်း၊ အစား အသောက် စက်ဝန်းမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းသို့ အန္တရာယ်ရှိသောပစ္စည်းများ ဝင်ရောက်သော ကြောင့် အများပြည်သူကျန်းမာရေးအန္တရာယ် မြင့်မားနေကြောင်း သိရသည်။ မြေတွင် အခြား လေးလံသတ္တု ၁၁ ခုနှင့်အတူ ကိုဘော့ပါဝင်မှုသည် လက်ခံနိုင်သောအဆင့်ထက် ၃၈ ဆများနေပြီး ခရိုမီယံက လက်ခံနိုင်သော ပမာဏထက် ၁၁၂ ကြိမ် ပိုမိုမြင့်မားနေကြောင်း ဘင်္ဂလားဒေ့ရှ် အဏုမြူစွမ်းအင်အေဂျင်စီနှင့် တက္ကသိုလ်တို့က ပူးတွဲထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

(ref:BBC)






အခြားဆက်စပ်သတင်းများ