နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးသူငယ်များဘဝ မြှင့်တင်ရေး

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၉၁ နိုင်ငံက လက်မှတ်ရေးထိုး ထားသည်။ သဘောတူစာချုပ်တွင် အပိုဒ်ပေါင်း ၅၄ ခု ပါဝင်ရာ သည်။ အပိုဒ် ၄၃ မှ ၅၄ သည် ကလေးသူငယ်များ ၎င်းတို့၏ အခွင့် အရေးများရရှိစေရန်  အစိုးရများနှင့်  နိုင်ငံတကာအဖွဲ့အစည်း များက မည်သို့လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထား ခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်က အဖွဲ့ဝင်နိုင်ငံ အဖြစ် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။


တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ်နှစ်သန်း ကျော်မှာ အတင်းအဓမ္မခိုင်းစေသည့်အလုပ်များထဲတွင် ကျင်လည် နေရသည်ဟု နိုင်ငံတကာအလုပ်အကိုင်အခြေအနေသုံးသပ်ချက် အရ သိရသည်။


မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အဓိကအခွင့်အရေးလေးရပ်၊ တာဝန်သုံးရပ်နှင့် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အမျိုးသမီးအခွင့်အရေး ၁၀ ရပ်နှင့် အခြေခံစည်းမျဉ်းသုံးခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။


ယခုအခါ အိမ်ဖော်ကဲ့သို့ အလုပ်၊  လူ့ခန္ဓာကိုယ်နှင့်   ရင်းနှီးရ သော  အလုပ်များတွင် ကလေးလုပ်သားများ နိုင်ငံတိုင်းတွင် ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။  အတင်းအဓမ္မ အကြမ်းဖက် ခိုင်းစေသည့်အမှုများကိုပင် တွေ့နေရသည်မှာ  ဝမ်းနည်းဖွယ် ပင်ဖြစ်သည်။


အချို့သော  သွယ်ဝှိုက်စေခိုင်းမှုများတွင်  သာမန်အဖိုးစား နားပေးပြီး အတင်းအဓမ္မခိုင်းစေမှုများ၊ အလွန်အကျွံစေခိုင်းမှုများ လည်းရှိသည်။  လူ့အဖွဲ့အစည်းတိုင်းတွင်      မိမိလုပ်ငန်းအကျိုး စီးပွားအတွက်လုပ်ကိုင်ရာ၌  အလုပ်လုပ်နိုင်ခွင့်အတိုင်းအတာ၊ အလုပ်သမားအကျိုးခံစားခွင့်များ၊ ထိခိုက်နစ်နာမှုမရှိစေရေးကို သတိပြုကြရပေမည်။


အလုပ်လုပ်ရာတွင်  အကျိုးခံစားခွင့်များ  မက်လုံးအမျိုးမျိုး ပေးပြီး  လက်တွေ့အခြေအနေတွင်  တင်းကြပ်စွာခိုင်းစေခြင်း မပြောင်းနိုင်၊ မရွှေ့နိုင်အောင် ပြုလုပ်ထားခြင်းသည် အဓမ္မခိုင်းစေ မှုအသွင်ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာဥပဒေရေးရာလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် အသက် မွေးဝမ်းကျောင်းဆိုင်ရာ   လုပ်ငန်းကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်း အဝေးခန်းမတွင်ကျင်းပရာ       တိုင်းဒေသကြီး      ဥပဒေချုပ် ဦးဌေးအောင်နှင့်    ကော်မတီဝင်များက     ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်း                             များကို အလေးထားဆွေးနွေးညှိနှိုင်းကြသည်။


ထို့ကြောင့် ဘဝမြှင့်တင်ပေးရန်လိုအပ်သည့်    အမျိုးသမီးနှင့်   ကလေးသူငယ်များအပေါ် လူမှုအသိုက်အဝန်းက ခွဲခြားဆက်ဆံမှု မပြုရေးနှင့် အခွင့်အရေးများ အပြည့်အဝခံစားခွင့်ရရှိရေး၊ ကလေး အလုပ်သမားပပျောက်ရေးကို    ပြည်တွင်း၊   ပြည်ပလူမှုအဖွဲ့ အစည်းများနှင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်ပေသည် ။






အခြားဆက်စပ်သတင်းများ