နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး Lockdown ချခံရသည့် မနီလာမြို့တော် ဝန်းကျင်ကို ပိတ်ဆို့မှုရုပ်သိမ်း

ဇွန် ၁ မနီလာ


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး Lockdown (ပိတ်ဆို့မှု) လုပ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဝန်းကျင်တွင် Lockdown ရုပ်သိမ်းလိုက်ပြီဖြစ်သည်။


ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ၇၆ ရက်ကြာ ပိတ်ဆို့ခံခဲ့ရပြီး မနီလာမြို့တော်ဝန်းကျင်၏ ပိတ်ဆို့မှုကာလမှာ ဝူဟန်မြို့ထက် ပိုကြာမြင့်ခဲ့သည်။ မနီလာမြို့တော်ဒေသမှာ မတ်လအလယ်ကတည်းက ပိတ်ဆို့ခံခဲ့ရခြင်းဖြစ်သည်။


ယခုအခါတွင် အထွေထွေဒေသန္တရကွာရန်တင်း(GCQ)အဆင့်အထိ ဖြေလျှော့ပေးခဲ့ပြီး အဆိုပါဒေသရှိ လူများကို အလုပ်သွားခွင့်ပြုခြင်း၊ ဆိုင်များ၊ စက်ရုံများ ပြန်ဖွင့်ခွင့်ပေးခြင်း၊ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အတိုင်းအတာတစ်ခုအထိ ပြေးဆွဲခွင့်ပြုခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ်ခဲ့သည်။


သို့သော် ကိုယ်လက်လေ့ကျင့်ရေးခန်းမများ၊ ရုပ်ရှင်ရုံများ၊ ကာရာအိုကေဆိုင်များနှင့် ညကလပ်များကို ပိတ်ထားဆဲဖြစ်သည်။ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်ထဲမှာသာ နေကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။


ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၀၈၆ ဦး ရှိပြီး ၉၅၇ ဦး သေဆုံးခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။


(KNT)






အခြားဆက်စပ်သတင်းများ