နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် ဘရာဇီးနိုင်ငံ အဆင့် ၄ ရောက်လာ

ဇွန် ၁ ဘရာစီလီယာ


ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉၃၄၁ ဦးရှိသည့်ဘရာဇီးနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက် လူသေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ဘရာဇီးနိုင်ငံထက် လူသေဆုံးမှု ပိုများသည့် နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ အီတလီနိုင်ငံတို့ဖြစ်သည်။


ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၁၄၉၉၂ ဦး ရှိနေရာ အမေရိကန်နိုင်ငံပြီးလျင် ကူးစက်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။


သို့သော် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ကူးစက်မှုအတိုင်းအတာကို လျှော့တွက်နေဆဲဖြစ်ပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဘရာဇီးနိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်စေသည်ဟု ဝေဖန်ခဲ့သည်။ ဘော်ဆိုနာရိုက ယင်း၏ရပ်တည်ချက်ကို ပြောင်းလဲမည့်ပုံမပေါ်သေးပေ။ ကန့်သတ်ပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းမှုမှာ ရောဂါကူးစက်ခံရမှုထက် ပိုဆိုးသည်ဟု ယင်းက ဆိုသည်။


(KNT)






အခြားဆက်စပ်သတင်းများ