နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သမားများ စာသင်ကျောင်းအချို့ မိုင်းထောင်ဖောက်ခွဲ

ပွင့်ဖြူ၊ ဒီဇင်ဘာ ၂


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအနီး၌ အကြမ်းဖက်သမားများက နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ခဲ့ရာ ကျောင်းရှေ့ရှိ လုံခြုံရေးဂိတ်တဲ မျက်နှာကြက်နှင့်အနီးတွင် ရပ်ထားသော ဆိုင်ကယ်သုံးစီးပျက်စီးခဲ့ပြီး လုံခြုံရေးဂိတ်တဲအနီးတွင် ရှိနေသူ      ကျေးရွာအထောက်အကူပြုအဖွဲ့ဝင်     ဦးအောင်ဘဟိန်း        (၄၅ နှစ်) (ဘ) ဦးသန်းရွှေတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိသွားသဖြင့် ဆေးဝါးကုသနိုင်ရေး ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူလျက်ရှိသည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ပေါ်ဦး ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခြံစည်း ရိုးအနီး အကြမ်းဖက်သူများက ဒီဇင်ဘာ ၁ ရက်၊ နံနက်ပိုင်းတွင် မိုင်းဖောက်ခွဲရာ ပေါက်ကွဲမှုကြောင့် အုတ်နံရံအနည်းငယ် ပဲ့ထွက် ပျက်စီးပြီး အခင်းဖြစ်နေရာအနီးမှ သံပိုက်အပိုင်းအစများ၊ လျှပ်စစ် ဝါယာကြိုးများ တပ်ဆင်ထားသည့် ဒီတိုနေတာ အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ