နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထား ရာ အကျိုးပြုပတ်ဝန်းကျင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်းနေသည်မှာ အမှန်ပင်ဖြစ်ပေ သည်။ 


ယခုအခါကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စ ပြုန်းတီးလာ နေသည်။   လူတို့၏ ပယောဂကြောင့် အများဆုံး ဆုံးရှုံးနေရသည်။ သဘာဝ ဘေးအန္တရာယ် တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရ သည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများ ရှင်သန်ရေးတွင် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေသည်။


မြန်မာနိုင်ငံတွင်လည်း သစ်တောသယံဇာတ ပေါများသကဲ့သို့ နေချင်စဖွယ်ကောင်းသော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရ သည်။ သို့သော် ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့နိုင်ငံရှိ ဒီရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်း သစ်တောများ တစ်စတစ်စ ယိုယွင်းပျက်စီးလာနေသည်။ ယင်းကဲ့သို့ ပြုန်းတီးမှုများပြားလာခြင်းက မြန်မာနိုင်ငံ၏ဂေဟ စနစ်တစ်ခုလုံး အထိန်းအကွပ်မရှိဘဲ ပျက်စီးသွားနိုင်ပေသည်။


သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်း အရင်းမှာ သစ်၊ ဝါး အလွန်အကျွံခုတ်ယူခြင်း၊ သတ္တုနှင့် တွင်းထွက် များ တူးဖော်ခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်ခြင်း၊ အခြေခံ အဆောက်အအုံများ တိုးချဲ့ခြင်းနှင့် လောင်စာအတွက် ထင်းနှင့် မီးသွေးထုတ်ယူခြင်းသည် အဓိကပါဝင်ပေသည်။

ယခုအခါ သဘာဝသစ်တောများသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်း သိရသည်။ 


နိုင်ငံ၏လူဦးရေ မြို့ပြ လူအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွား လာလျက်ရှိသည်။ မြို့နယ်၊ ကျေးလက်ဒေသအများစုတွင် နေ့စဉ် သုံးလောင်စာအတွက် ထင်းနှင့် မီးသွေးကို သစ်တောများမှ ထုတ်ယူခြင်းကြောင့် ဖြစ်သည်။


ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ထင်းအစားထိုး လောင်စာ သုံးစွဲခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းလုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်ရန်လိုအပ်သည်။


အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန် ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာအသုံးချရေးနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ နှင့် ဂေဟစနစ်ဝန်ဆောင်မှု၊ ဆုံးရှုံးမှုများ  တားဆီးကာကွယ် ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ