နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
SpaceX ကုမ္ပဏီ၏ ဒုံးပျံက နာဆာအဖွဲ့၏ အာကာသယာဉ်မှူးနှစ်ဦးကို ကမ္ဘာပတ်လမ်းအတွင်း ပို့ဆောင်

မေ  ၃၁၊  ဝါရှင်တန်


ပုဂ္ဂလိက ဒုံးပျံကုမ္ပဏီ SpaceX က နာဆာအဖွဲ့၏ အာကာသယာဉ်မှူးနှစ်ဦးကို ကမ္ဘာပတ်လမ်းအတွင်း ပို့ဆောင်ပေးခဲ့သည်။ လွန်ခဲ့သည့်ကိုးနှစ်က လွန်းပျံယာဉ်များကို အနားပေးခဲ့ပြီးနောက်ပိုင်း အမေရိကန် အာကာသယာဉ်မှူးတစ်ဦးက အမေရိကန်နိုင်ငံပိုင်နက်မှတစ်ဆင့် အာကာသခရီးစဉ် စတင်ခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်သည်။ 


ဒေါက်ဟာလေနှင့် ဘော့ဘန်းကင်တို့မှာ လွန်းအိမ်စနစ်သစ်ကို စမ်းသပ်ရုံသာမက နာဆာအဖွဲ့အတွက် စီးပွားရေးပုံစံသစ်တစ်ခုကို အစပြုနေခြင်းလည်းဖြစ်သည်။ နာဆာအဖွဲ့အနေဖြင့် ယင်းတို့အသုံးပြုနေသည့် အာကာသယာဉ်များကို ပိုင်ဆိုင်တော့မည်မဟုတ်ဘဲ SpaceX ကုမ္ပဏီက ကမ်းလှမ်းသည့် ''အငှားယာဉ်'' ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲမည်ဖြစ်သည်။ နာဆာအဖွဲ့မှ အာကာသယာဉ်မှူးနှစ်ဦးကို ကမ္ဘာပတ်လမ်းအတွင်း ပို့ဆောင်ပေးနိုင်ခြင်းမှာ အီလွန်မက်စ်နှင့် SpaceX ကုမ္ပဏီအတွက် အောင်ပွဲခံစရာ နေ့တစ်နေ့ဖြစ်သည်။ SpaceX ကုမ္ပဏီအပြင် အခြားနည်းပညာကုမ္ပဏီများကလည်း အာကာသဈေးကွက်ကို တိုးချဲ့လာဖွယ်ရှိနေသည်။ လေကြောင်းအင်အားကြီးကုမ္ပဏီတစ်ခုဖြစ်သည့် ဘိုးရင်းကုမ္ပဏီကလည်း အလားတူဝန်ဆောင်မှုမျိုးပေးရန် နာဆာအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည်။ 


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်သို့ လာရောက်ပြီး ယင်းရွေးချယ်ထားသည့် နေရာတွင် ဒုံးပျံလွှတ်တင်မှုကို ကြည့်ရှုခဲ့သည်။ 


''အယင်ခေါင်းဆောင်တွေက အမေရိကန်အာကာသယာဉ်မှူးတွေကို ကမ္ဘာပတ်လမ်းထဲ ပို့ဆောင်ဖို့ ပြည်ပနိုင်ငံတွေကို အသနားခံရတဲ့ အခြေအနေမျိုးရောက်စေခဲ့ပါတယ်။ အခု အသနားခံစရာမလိုတော့ပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ အမေရိကန်အာကာသယာဉ်မှူးတွေကို ကမ္ဘာ့အကောင်းဆုံး အမေရိကန်ဒုံးပျံတွေနဲ့အတူ အမေရိကန်မြေပေါ်ကနေ ဂုဏ်ယူဝံ့ကြွားစွာ ပို့ဆောင်ပေးနိုင်ပါပြီ''ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ